တောင်ကလေးကျေးရွာကနေအိမ်တစ်ချို့ကို စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်တာတွေ ပြုလုပ်နေ
နိုဝင်ဘာလ ၂၁ရက်၊ ၂၀၂၃ခုနှစ် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တောင်ကလေးကျေးရွာကနေအိမ်တစ်ချို့ကို စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်တာတွေပြုလုပ်နေပြီး စစ်ကောင်စီတပ်ကလက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် သေဆုံးတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ နိုဝင်ဘာလ(၂၀)ရက်နေ့ မနက်(၉)နာရီဝန်းကျင်အချိန်မှာ တောင်ကလေးရဲစခန်းအနီးပိတ်ထား တဲ့ လမ်းပိုင်းကိုဖြတ်သွားတဲ့သူနှစ်ဦးကို စစ်ကောင်စီတပ်သားတွေကသေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် တစ်ဦးမှာသေဆုံးကာ နောက်တစ်ဦးမှာ…