စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကြောင့် မော့ကနင်ကျေးရွာကဒေသခံ၁ဦးထိခိုက်ဒဏ်ရာရရှိ
ဖေဖော်ဝါရီလ ၁၆ရက်၊ ၂၀၂၄ခုနှစ် မွန်ပြည်နယ်၊ရေးမြို့နယ်၊မော့ကနင်ကျေးရွာအခြေစိုက် ခလရ− ၁၀၆တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့်မော့ကနင်ကျေးရွာကအမျိုးသမီးတစ်ဦးဒဏ်ရာရရှိကာ ဒေသခံနေအိမ်၂လုံးလက်နက်ကြီးထိမှန်ပျက်စီးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုနဲ့ ဒေသခံတေွဆီကနေသိရပါတယ်။ ဖေဖော်ဝါရီလ၁၅ရက်နေ့ နေ့လည် ၃နာရီဝန်းကျင်အချိန်မှာ နယ်မြေခံတော်လှန်ရေးအင်အားစုေတွ မော့ကနင်ကျေးရွာထဲကိုဝင်ရောက်ပြီး ကျေးရွာအုပ်ချုပ်ေရးမှူးရုံးက အလံတွေကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဲ့ဒီနောက်…