
ဖေဖော်ဝါရီလ ၁၆ရက်၊ ၂၀၂၄ခုနှစ်
မွန်ပြည်နယ်၊ရေးမြို့နယ်၊မော့ကနင်ကျေးရွာအခြေစိုက် ခလရ− ၁၀၆တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့်မော့ကနင်ကျေးရွာကအမျိုးသမီးတစ်ဦးဒဏ်ရာရရှိကာ ဒေသခံနေအိမ်၂လုံးလက်နက်ကြီးထိမှန်ပျက်စီးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုနဲ့ ဒေသခံတေွဆီကနေသိရပါတယ်။
ဖေဖော်ဝါရီလ၁၅ရက်နေ့ နေ့လည် ၃နာရီဝန်းကျင်အချိန်မှာ နယ်မြေခံတော်လှန်ရေးအင်အားစုေတွ မော့ကနင်ကျေးရွာထဲကိုဝင်ရောက်ပြီး ကျေးရွာအုပ်ချုပ်ေရးမှူးရုံးက အလံတွေကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အဲ့ဒီနောက် ခလရ ၁၀၆တပ်ရင်းကို M-79နဲ့ တစ်ချက်ပစ်ခတ်ခဲ့ကာစစ်ကောင်စီတပ် ဘက်မှလည်း လက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် မော့ကနင်ကျေးရွာရှိ နေအိမ်၂လုံးထိခိုက်ပျက်စီးကာ အသက်၄၀ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးမစိုးရိမ် ရဒဏ်ရာရရှိခဲ့တယ်လို့ မော်လမြိုင်ခရိုင် ပကဖ ဒုတာဝန်ခံ ရဲဘော်နိုင်ကပြောသည်။
“၃နာရီ မော့ကနင်ရွာသစ်ကိုဝင်တော့ ရန်သူဖက်က လက်နက်ကြီးတစ်ချက်ပစ်တယ် ၄နာရီကျတော့ မော့ကနင်ရွာဝင်ပြီးတော့အုပ်ကြီးရုံးကစကစအလံမြေချပြီးမီးရှို့တယ် ၄နာရီ၃၀ လောက်တော့ခလရ ၁၀၆ အနားကပ်ပြီး M-79လောင်ချာတစ်ချက်ပစ်တယ် တပ်ရှေ့နားကျတယ် ရန်သူဖက်က လက်နက်ကြီး၃ချက်လောက်ပစ်တယ် အိမ်၂လုံးပျက်စီး ပြီးတော့ အရပ်သား ၁ယောက်ကတော့ ရင်ဘတ်မှာအစထိတယ်မစိုးရိမ်ရဘူး”လို့သူက ပြောသည်။
စစ်ကောင်စီတပ်ရဲ့ ခလရ ၁၀၆တပ်ရင်းကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် မော့ကနင်ကျေးရွာ၊ ကားဆိပ်ရပ်ကွက်အတွင်း နေအိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့တာကြောင့်ဒေသခံတစ်ဦးနဲ့ နေအိမ်တစ်ချို့ထိခိုက်ပျက်စီးခဲ့သလို တော်လှန်ရေးအင်အားစုဘက်မှ အင်အားလာပြတဲ့သဘောမျိုးသာဖြစ်နိုင်တယ်လို့ ကျေးရွာသားတစ်ဦးကဆိုပါတယ်။
“မော့ကနင်ရွာထဲကနေအပေါ်တည့်တည့်တက်သွားရင်၁၀၆တပ်ပဲနီးနီးပဲသူတို့ဝင်လာပြီး တော့အုပ်ချုပ်ရေးမှူးရုံးက အလံကိုအောက်ချပြီးမီးရှို့တယ် ပြီးေတာ့မှသူတို့ကအင်အားပြတဲ့ ပုံစံမျိုးပေါ့ ၁၀၆ကစစ်သားတွေကမထွက်လာဘူး လက်နက်ကြီး၂လုံး၊၃လုံးအဲ့လောက်ပဲပစ် ပြီးပြီးသွားတယ် အဲ့မှာတစ်ယောက်ကတော့လက်နက်ကြီးအစထိသွားတာမစိုးရိမ်ရဘူးတဲ့ စစ်တပ်ဘက်ကပစ်တဲ့လက်နက်ကြီး အဲ့ဒီဘက်ကိုကျတော့ကိုယ် လည်းသွားမ ကြည့်ရဲဘူး”လို့သူကဆိုသည်။
မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်လက်အောက်ခံ ခလရ ၁၀၆တပ်ရင်းလက် နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခံရတာဟာ တစ်ပတ်အတွင်း၂ကြိမ်ရှိနေပြီးဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဖေဖော်ဝါရီလ ၁၃ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ ခလရ−၁၀၆တပ်ရင်းက ဗဟိုကင်းတဲကို RPGနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ပစ်မှတ်နေရာကိုထိမှန်ပေါက်ကွဲကာ စစ်သား ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
မွန်ပြည်နယ်၊ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်အတွင်းမှာအခုဖေဖော်ဝါရီလတစ်လအတွင်း စစ်ကောင်စီတပ်စခန်းတွေ ၊စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာရုံးတွေနဲ့ စစ်တပ်သတင်းပေးသူတွေမှာ မကြာခဏပစ်ခတ်ခံရမှုေတွဖြစ်ပွားနေတာကြောင့် စစ်ကောင်စီတပ်ဘက်မှထိခိုက်သေဆုံးတာ ၁၀ဦးထပ်မနည်းရှိနေတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Cj
Phar Si Than(People’s Radio Myanmar)