ရွှေပြည်သာရွာကပျုစောထီး၄ ကိုပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ဆို

ဖေဖော်ဝါရီလ ၈ရက်၊၂၀၂၄ခုနှစ်

 

မွန်ပြည်နယ်၊ရေးမြို့နယ် ၊ ရွှေပြည်သာကျေးရွာက ပျူစောထီးတွေကို ဖေဖော်ဝါရီလ ၇ရက်နေ့ နေ့လည် ၃နာရီ၃၀မိနစ်အချိန်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာကြောင့် ၄ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင်ပျူစောထီးတွေဆီကနေလည်း သက်သေခံပစ္စည်းတစ်ချို့နဲ့ ဆိုင်ကယ်၂စီးသိမ်းဆည်းရမိခဲ့သလို သွားရောက်ရှင်းလင်းချိန်မှာလည်း ပြန်လည်ပစ်ခတ်တာမျိုးတွေလုပ်ဆောင်ခဲ့ပြီး သေဆုံးသွားတဲ့ ပျူစောထီးအလောင်း၄လောင်းကိုတော့ ရေးမြို့နယ်ပြည်သူ့ဆေးရုံကိုတင် ဆောင်သွားတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကပြောပါတယ်။

“ပျူစောထီး၄ဦးကျတယ်သူတို့လူအကုန်လုံးအထဲမှာ ၁၂ယောက်လောက်ရှိတယ် ကျွန်တော် တို့ဝင်သွားတာနဲ့ဝင်ပစ်တဲ့အခါကျတော့ကျတဲ့လူကလည်းကျတယ်မကျတဲ့လူကလည်းထွက်ပြေးတယ်ထွက်ပြေးတဲ့သူတွေကလည်းလက်နက်ပါသွားတဲ့လူတွေကပါသွားတယ် သူတို့ လက်နက်ကိုတော့သိမ်းဆည်းမရမိဘူး စခန်းကိုရှာဖွေလိုက်တဲ့အချိန်မှာတော့ ယူနီဖောင်း တွေတွေ့တယ် ၊40အသီးနည်းနည်းပါးပါးရယ် သူတို့အသုံးပြုနေတဲ့မော်တော် ဆိုင်ကယ် ၂စီးပေါ့”လို့သူကပြောပါတယ်။

အဲ့ဒီပျူစောထီးတွေဟာ အရပ်သားပြည်သူတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျတာ၊ ပစ္စည်းတွေခိုးယူတာ၊ ရာဘာခြံတွေကိုသိမ်းဆည်းတာတွေလုပ်ဆောင်ခဲ့ကြပြီး ပစ်ခတ်ရှင်းလင်းခံရပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဘက်လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကျုံလောင်းကျေးရွာအတွင်းက နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲခဲ့ကာ ဒေသခံ၃ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေမြို့ဒေသခံအမျိုးသားတစ်ဦးကဆိုပါတယ်။

“အဲ့လူတွေကဗိုလ်ကျတာပေါ့ ပြည်သူတွေအပေါ်မှာ ဆိုင်ကယ်၊ပစ္စည်းတွေခိုးတယ်၊ရာဘာ ခြံတွေသိမ်းတယ် အာဏာရူးနေကြတာ ပြီးတော့လက်နက်ကြီးတွေနဲ့ လျှောက်ပစ်နေတာ ကျုံလောင်းရွာဟောင်းဘက်ကို အဲ့မှာနေအိမ်တစ်လုံးထိတယ် လူလည်း၃ယောက်လောက်ထိတယ် ရေးမှာလည်တပ်ကများတော့ဘယ်တပ်ကပစ်လိုက်လည်းမသိဘူး”လို့ ဆိုပါတယ်။

ရေးမြို့နယ်အတွင်းကဒေသတွေမှာရှိတဲ့စစ်တပ်တွေအတွင်းကို နယ်မြေခံတော် လှန်ရေးအင်အား စုတွေဘက်မှမကြာခဏဆိုသလို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ စစ်တပ်သတင်းပေးသူတွေနဲ့ ဝန်ထမ်းတွေမှာလည်း ပစ်ခတ်ရှင်းလင်းခံနေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၃၁ရကနေ့တုန်းကလည်း မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ နယ်မြေခံတော်လှန်ရေးအင်အားစုတို့၅နာရီအကြာ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က ရဟတ်ယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်၅လုံးပျက်စီးကာ၊ ဒေသခံနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောစကားအရသိရပါတယ်။

 

သတင်း-နော်ဖူးဖူး

ပုံ-Cj

Phar Si Than (People’s Radio Myanmar)