စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို ကော့ကရိတ်မြို့တွင်းပြန်လည်နေထိုင်ခွင့်ပြုပေမဲ့ နေအိမ်ဆောက်လုပ်ခွင့်မပြုသေး
မေလ ၂၄ရက် ၂၀၂၄ ကရင်ပြည်နယ်၊ကော့ကရိတ်မြို့ခံပြည်သူတွေကို စစ်ကောင်စီတပ်က မြို့တွင်းပြန်လည် နေထိုင်ခွင့်ပြုပေမဲ့လည်း နေအိမ်ဆောက်လုပ်ခွင့်မပြုသေးဘူးလို့ ဒေသခံတွေဆီကနေသိရပါတယ်။ ဧပြီလ ၂၆ရက်နေ့မှာ စစ်ကောင်စီတပ်က ကော့ကရိတ်မြို့မှာပြန်လည်နေထိုင်လို့ရေကြာင်းကြေညာခဲ့တာဖြစ်ပြီး အခုလက်ရှိအချိန်အထိ မီးလောင်ခဲ့တဲ့နေအိမ်ကအိမ်ပိုင်းရှင်တွေကို ယာယီတဲထိုးပြီးသာနေထိုင်ခွင့်ပြုတာဖြစ်သလို စစ်တပ်လက်အောက်ခံစည်ပင်ဝန်ထမ်းတွေကနေအိမ်ဆောက် လုပ်ခွင့်မပေးဘူးလို့မြို့ခံတစ်ဦးကပြောပါတယ်။ “တရားနာတယ် မီးတိုင်ထောင်တယ်…