
မေလ ၂၂ရက်၊၂၀၂၄
ထိုင်းနိုင်ငံနယ်စပ်ရှိ စစ်ကောင်စီတပ်တွေအထိုင်ချထားတဲ့ ဖူ့ချိမူစခန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်KNLA၊PDFပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။
မေလ ၂၁ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ ဆက်လက် တိုက်ပွဲဖြစ်ပွားနေသလို အဲဒီနေ့မှာပဲ စစ်ကောင်စီတပ်သား ၉ ဦးကိုလဲထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ KNLAသတင်းအရင်းမြစ်တစ်ဦးကပြောပါတယ်။
“တိုက်ပွဲကမပြီးသေးဘူး ကျန်နေတဲ့စကစ တပ်သားတချို့လည်း မကြာခင်မိမယ်၊ဒီနေ့လည်းကိုးယောက်ထပ်ရတယ်”လို့ သူကပြောပါတယ်။
ဒါ့အပြင် မေလ ဒုတိယအပတ်လောက်ကနေစပြီးအခုချိန်ထိ စစ်ကောင်စီတပ်ဘက်က ကျိုက်ဒုံမြို့ကို နေ့တိုင်းလေယာဉ်နဲ့ ဝဲပျံတာတွေပြုလုပ်နေတာကြောင့် ဒေသခံတွေမှာစိုးရိမ်မှုတွေလည်းဖြစ်ပေါ်နေပါတယ်။
ဒါ့အပြင်မေလ ၁၃ရက်နေ့တုန်းကလဲ ကျိုက်ဒုံမြို့ကိုလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပေမဲ့လူထိခိုက်တာမျိုးတော့မရှိဘူးလို့ ကျိုက်ဒုံမြို့ခံအမျိုးသမီးတစ်ဦးကဆိုပါတယ်။
“အခုကလေယာဉ်ကနေ့တိုင်းလာလာဝဲနေတာ မြို့ထဲမှာတော့ ပြန်လာနေကြတဲ့သူတွေရှိတယ် နဲတော့နဲတယ်ဟို့တလောကတော့လေယာဉ်လာကြဲတယ် ထိခိုက်တာတော့ မရှိဘူး ကွင်းပြင်မှာကျလို့လေ”လို့သူကဆိုပါတယ်။
ထိုင်းနိုင်ငံနယ်စပ်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ စခန်းတွေကို မတ်လ ၁၅ရက်ေန့ကေန ဒီနေ့အထိတိုက်ခိုက်ေနဆဲဖြစ်သလို မတ်လ ၁၉ ရက်နေ့ကလဲ စစ်ကောင်စီတပ်သားအလောင်း၅လောင်းနဲ့လက်နက်အပြားသိမ်းဆည်းရမိခဲ့ပါသေးတယ်။
သတင်း-နော်ဖူးဖူး
ပုံ-ပုံဟောင်း
Phar Si Than (People’s Radio Myanmar)