စစ်ကောင်စီယာဉ်တန်းကို လုံခြုံရေးယူပေးဖို့ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရတာကြောင့် အများအပြားသေဆုံးကာနှစ်ဖက်စစ်ရေးအခြေနေတင်းမာနေ
အောက်တိုဘာလ ၁၉ရက်၊ ၂၀၂၃ခုနှစ် ရန်ကုန်−မော်လမြိုင်ကားလမ်း ဘီးလင်းတိုးဂိတ်ကနေ စစ်ကောင်စီယာဉ်တန်း ဖြတ်သန်းသွားလာဖို့ကို ဘီးလင်းမြို့ ဒေါက်ရပ်ကျေးရွာအနီးမှာလုံခြုံရေးယူပေးဖို့ ရောက်လာတဲ့စစ်ကောင်စီတပ်သား အင်အား၂၀လောက်ကို နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သလို နှစ်ဖက်တိုက်ပွဲလည်းဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်မှ အများအပြားသေဆုံးခဲ့တယ်လို့ တောကျီးကန်းစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်၊၊ အောက်တိုဘာလ…