
အောက်တိုဘာလ ၁၉ရက်၊ ၂၀၂၃ခုနှစ်
ရန်ကုန်−မော်လမြိုင်ကားလမ်း ဘီးလင်းတိုးဂိတ်ကနေ စစ်ကောင်စီယာဉ်တန်း ဖြတ်သန်းသွားလာဖို့ကို ဘီးလင်းမြို့ ဒေါက်ရပ်ကျေးရွာအနီးမှာလုံခြုံရေးယူပေးဖို့ ရောက်လာတဲ့စစ်ကောင်စီတပ်သား အင်အား၂၀လောက်ကို နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သလို နှစ်ဖက်တိုက်ပွဲလည်းဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်မှ အများအပြားသေဆုံးခဲ့တယ်လို့ တောကျီးကန်းစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်၊၊
အောက်တိုဘာလ ၁၇ရက်နေ့ မနက်၉ နာရီအချိန်မှာ ဒေါက်ရပ်ကျေးရွာအနီး စစ်ကောင်စီယာဉ်တန်းကို လုံခြုံရေးယူပေးဖို့ရောက်လာတဲ့စစ်ကောင်စီတပ်အင်အား ၂၀လောက်ကိုပထမအကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်မှ ၅ဦးသေဆုံးပြီး ဒုတိယအကြိမ်အင်အား၃၀လောက်နဲ့ ဒေါက်ရပ်ကျေးရွာအနီးကို ထပ်မံဝင်ရောက်လာတာကြောင့်၁၀မိနစ်လောက်တိုက်ပွဲဖြစ်ပွားခဲ့တာစစ်ကောင်စီ၇ဦးသေဆုံးခဲ့ကာ အများပြားထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့တောကျီးကန်းစစ်ကြောင်းမှ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ရာဇာကျော်ကပြောပါတယ်၊၊
“ပထမ၅ယောက်သေတဲ့ အကြိမ်မှာက မိုင်းကဆွဲမိုင်းတစ်လုံးရယ် နောက်ပြီတော့ Drop ဗုံးတွေလည်းပါတယ် အဲ့တာကပထမအကြိမ် ဒုတိယတစ်ကြိမ်ကကျတော့ ကျွန်တော်တို့ဆွဲမိုင်းကို ၂ လုံးလောက်သုံးတယ် Dropဗုံးလည်သုံးတယ် သုံးတဲ့အပြင်ကိုမှ မြေပြင်မှာလည်းထိပ်တိုက် တိုက်ပွဲဖြစ်တယ် တိုက်ပွဲဖြစ်တော့လည်း လက်နက်ငယ်တွေကိုအပြင်ကိုမှ 40 တွေနဲ့ပါပစ်ခတ်ရှင်းလင်ခဲ့ရတာတွေလည်းရှိတယ်သူတို့က ဘီးလင်တိုးဂိတ်ကိုခြေလျင်ဆင်းလာတာမိုင်ဆွဲခဲ့တဲ့သတ်ကွင်းရှိတယ် ပထမဆုံးဆွဲတဲ့မို င်းကတိုးဂိတ်ထဲမှာရှိတဲ့ အယောက်၆၀ လောက်ကို သတ်ကွင်းထဲမျှားခေါ်တာ ကံကောင်းချင်တော့အကုန်လုံးမဆင်းလာပဲ တစ်ဝက်လောက်ပဲဆင်းလာတော့ အခုလောက်ပဲထိခိုက်ကျဆုံးရှိတာပေါ့”လို့ သူကပြောပါတယ်။
ဒါ့အပြင်တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့သလို ဒီနေ့အောက်တိုဘာလ၁၉ရက်နေ့ထိလောက်ကိုစစ်ကောင်စီတပ်က ရန်ကုန်−မော်လမြိုင်လမ်းပိုတင်းအတွင်းလုံခြုံရေးထပ်ယူဖို့ကြိုးစားနေသလို KNLAပူးပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာလည်းနှစ်ဖက်စစ်ရေးအခြေနေတင်းမာနေကြတယ်လို့ သူကဆက်ပြောပါတယ်။
“လမ်းပိုင်းအခြေနေက ဒီနေ့အချိန်ထိဖြစ်တဲ့နေ့တည်းဆိုရင် အဲ့ဒီယာဉ်တန်းကရပ်သွားတယ်အခုထိကိုပြန်မလာဘူး ကျွန်တော်တို့တောင်ယာဉ်တန်းကို မတွေ့လိုက်ရဘူး သူတို့
လမ်းမှာတင်ပြန်လှည့်သွားတယ်အခုချိန်ထိကို သူတို့လုံခြုံရေးယူဖို့ထပ်ကြိုးစာနေတယ်ကျွန်တော်တို့နဲ့လည်းထပ်ပြီတော့ ထိတွေ့တိုက်ပွဲထပ်ဖြစ်ဖို့အခြေနေများနေတယ်”လို့ သူ
ကပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၁၇ ရက်နေ့ညပိုင်းအချိန်တွေမှာလည်း ဘီးလင်းမြို့အခြေစိုက်အမတ−၃၁၄ကနေ ရွှေရောင်ပြကျေးရွာအုပ်စုဘက်ကို လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်
ခဲ့တယ်လို့ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။
“မနေ့ကအဲ့နားမှာသွားလုပ်လို့ပေါ့ ညကရွာတွေဘက်ကို မဆီမဆိုင်လျှောက်ပစ်နေတာသူတို့သွားလုပ်တဲ့နေရာကရွာနဲ့သိပ်မဝေးဘူး ပစ်တာအမြှောက်တပ်ပဲထွက်ရင်အသံကြား
ရတယ်လေဟို့တစ်နေ့ကပစ်တာကားနဲ့လာတာတဲ့ ပစ်ပြီးကောပြန်သွားကော ပိုဆိုးလာတာကတော့နေ့ခင်းဘက် ဘုမသိဘမသိပဲပစ်နေတာဒီလိုပစ်တော့ ဘာထိမှာလည်း ရွာခံတွေပဲ
ထိမှာပေါ့ ” သူ ကပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ၉ ရက်နေ့တုန်းကလည်း ရန်ကုန်-မော်လမြိုင်ကားလမ်းအနီး သစ်ကွင်းလမ်းစုံဂိတ်တစ်ဝိုက်မှာ ကင်းပုန်းဝတ်နေတဲ့စစ်ကောင်စီတပ်ကို KNLAပူးပေါင်းတပ်ဖွဲ့တို့သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ပါသေးတယ်။
ဒါ့အပြင်ပြိီးခဲ့တဲ့ သြဂုတ်၊စက်တင်ဘာနဲ့အောက်တိုဘာလအတွင်းမော်လမြိုင်-ရေး-ထားဝယ်အမှတ်( ၈)လမ်း မကြီးနဲ့ကျိုက်ထိုမြို့နယ်တွေကလမ်းပိုင်းတွေမှာပါ နယ်မြေစိုးမိုးရေးနဲ့စစ်ဆေးရေးကိုလုပ်ဆောင်နေတာဖြစ်ပြီး လမ်းပိုင်းအတွင်းစစ်ဆေးနေချိန် နှစ်ဖက်ထိတွေပစ်ခတ်မှုတွေဖြစ်ပွားခဲ့သလို မွန်ပြည်နယ်အတွင်း စစ်ကောင်စီတပ်သတင်းပေးသူတွေမှာလည်း မကြာခဏရှင်းလင်းခံနေရတယ်လို့ KNLAသတင်းအရင်းမြစ်တွေရဲ့ပြောဆိုချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ဓာတ်ပုံ-တောကျီးကန်းစစ်ကြောင်း
Phar Si Than(People’s Radio Myanmar)