ကော့ကရိတ်မြို့မှာ နေအိမ်ပြန်ဆောက်ချင်သူတွေထွေအုပ်ရေးရုံးမှာ စာရင်းပေးပြီးမှသာဆောက်လို့ရမယ်လို့ဆို
မေလ ၃၀ရက် ၂၀၂၄ ကရင်ပြည်နယ်၊ကော့ကရိတ်မြို့က မြို့တွင်းပြန်လည်နေထိုင်သူတွေ ထဲကနေ အိမ်ပြန်ဆောက်ချင်သူတွေ စစ်တပ်လက်အောက်ခံအထွေထွေအုပ်ချုပ်ရေးရုံးမှာ စာရင်းသွင်းပြီးမှဆောက်လို့ရမှာဖြစ်တယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။ မေလ ၂၁ရက်နေ့လောက်ကနေစပြီး မြို့တွင်းနေအိမ်ပြန်ဆောက်ချင်သူတွေထွေအုပ်ရုံးမှာစာရင်းလာပေးမှာဖြစ်သလို စာရင်းလာပေးမှသာ ကျပ်ငွေ၂သိန်းကိုထုတ်ပေးသွားမှာဖြစ်ပြီး အခုအချိန်ထိတော့ ကျပ်ငွေ၂သိန်းမရရှိသေးဘူးလို့ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ “အိမ်ဆောက်မဲ့သူတွေကိုထွေအုပ်ရုံးမှာ လျှောက်လွှာတင်ခိုင်းတယ် မဆောက်တဲ့သူတင် စရာမလိုဘူးထောက်ပံ့ကြေးတွေကိုလည်း…