မြဝတီမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့် စစ်ရှောင်တွေ နေရာ ပြန့်ကျဲပြီး ရှောင်တိမ်းနေရ
ဇူလိုင်လ ၁၈ ရက်၊ ၂၀၂၃ ခုနှစ် ကရင်ပြည်နယ်၊ မြဝတီမြို့အနီး ကျောက်လုံးကြီးဘုရားအနောက်ဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ နေ့တိုင်းနီးပါးပစ်ခတ်နေတာကြောင့် စစ်ရှောင်တွေမှာနေရာပြန့်ကျဲကာ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။ ဇူလိုင်လပထမအပတ်လောက်မှစတင်ကာ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ လက်ခတ်တောင်အနီးတဝိုက် တိုက်ပွဲဖြစ်ပွားပြီးနောက်…