ကမမောင်းမြို့ရှိ ရပ်ကွက်(၂)ခုကနေအိမ်(၁၃)လုံးအနက် ဖျက်ဆီးခံရတဲ့နေအိမ်(၅)လုံးထိရှိလာ

ဇန်နဝါရီလ ၅ရက်၊ ၂၀၂၃ခုနှစ်

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့နယ်ရှိရပ်ကွက်(၂)ခုက နေအိမ်(၁၃)လုံးကို စစ်ကောင်စီတပ်လက်အောက်ခံ BGFတပ်ဖွဲ့မှ လာရောက်ဖျက်ဆီးတာမှာ နေအိမ်(၅) လုံးထိရှိလာပြီဖြစ်တယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။

ကမမောင်းမြို့က အမှတ်(၂) နဲ့အမှတ်(၃) ရပ်ကွက်မှာရှိတဲ့ နေအိမ်(၁၃)လုံးအနက် ဒီဇင်ဘာလ (၃၀)ရက်နေ့မှာတော့ ဦးဇာလာအိမ်ကို စစ်တပ်လက်အောက်ခံ BGFတပ်ဖွဲ့ဝင်တွေကလာ ရောက်ပြီး အိမ်ဖျက်တဲ့သူတွေနဲ့ဖျက်ဆီးခိုင်းခဲ့ကာအိမ်ပိုင်ရှင်တွေမှာလည်း ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

“BGFတွေပဲသူတို့လာတာကတော့စစ်သားကနှစ်ယောက်သုံးယောက်ပဲ တခြားအိမ်ဖျက်တဲ့ အလုပ်သမားတွေအိမ်ရှင်တွေကတော့ကြောက်ပြီးတော့ရိုက်နှက်မခံတော့ဘူးပေါ့  လက်မှတ်ထိုးပေးလိုက်တယ်လက်မှတ်ထိုးပေးရင်းလူကိုဘာမှမလုပ်တော့ဘူးသူတို့တွေကအကုန်းလုံးကိုခေါ်ပြီးခြိမ်းချောက်တာမဟုတ်ဘူးတစ်လုံးနှစ်လုံးဖျက်ပြီးရင်နောက်ထပ်တစ်လုံးနှစ်လုံးအိမ်ရှင်တွေကိုခေါ်ပြီးခြိမ်းချောက်တာ၃၀ရက်နေ့ကဖျက်တာနဲ့ဆို၅လုံးမြောက်ပေါ့”လို့သူကပြောပါတယ်။

ဒီနေ့ဇန်နဝါရီလ၅ရက်နေ့မှာတော့ ဦးပါအိမ်ကိုလာရောက်ဖျက်ဆီးမယ်လို့ BGFတပ်ဖွဲ့ဝင်တွေ ပြောကြားသွားပြီး ဖျက်ဆီးမခံရသေးတဲ့ နေအိမ်ပိုင်တစ်ချို့မှာလည်း ထိုင်းနိုင်ငံဘက်တွေနဲ့ အနီးအနားကျေးရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ဆိုပါတယ်။

“အခုကမိသားစုလိုက်ပြေးတာကမိသားစုနှစ်စုတစ်ချို့ကျတော့လည်းအပြင်မှာရှောင်နေကြတာပေါ့ရွာတွေမှာရှောင်နေကြတာပေါ့ ဦးပါကတော့အိမ်မှာမရှိဘူး သူ့မိန်းမပဲအိမ်မှာ ကျန်တယ်တစ်ရက်ကို တစ်ကြိမ်နှစ်ကြိမ်သူတို့လာမေးတယ် ပုံမှန်လာပြီးတော့မေးတယ်”လို့ဆိုပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၇ ရက်နေ့တုန်းကလည်း စစ်တပ်လက်အောက်ခံBGFတပ်ဖွဲ့ဝင်တွေက အိမ်ခြံပိုင်ရှင်ဒေါ်စဖူးရာကိုဖမ်းဆီးခေါ်ဆောင်သွားကာ ခြိမ်းချောက်ပြောဆိုတာ သေနတ်တွေနဲ့ ချိန်ရွယ်တာတွေကြောင့်ဒေါ်စဖူးရာမှာမေ့လဲသွားခဲ့ပြီးအချိန်အတော်ကြာဆေးကုသမှုခံယူလိုက်ရသလို နိုဝင်ဘာလ၂၈ရက်နေ့မှာတော့နေအိမ်ကိုဖျက်ဆီးလိုက်တယ်တာလည်းဖြစ်ပါတယ်။

အမှတ်၂နဲ့အမှတ်၃ရပ်ကွက်ကအိမ်ခြံ၁၃ကွက်ပိုင်ရှင်တစ်ချို့ကိုလည်းညှိနှိုင်းမယ်ဆိုကာBGFအမှတ် (၁၀၁၄) တပ်ရင်းထဲကို ခေါ်ဆောင်သွားပြီးထိပ်တုံးထဲထည့်ကာရိုက်နှက်နှိပ်စက်တာ မျိူးတွေ လုပ်ဆောင်ခဲ့တာကြောင့်နေအိမ်ပိုင်ရှင်တစ်ချို့မှာထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်တယ်လို့် ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

 

သတင်း – နော်ဖူးဖူး

ပုံ – Cj

Phar Si Than (People’s Radio Myanmar)