အင်ဒိုနီးရှား ငါးဖမ်းလှေ ၃ စင်းနဲ့ သင်္ဘောသား အယောက် ၄၀ ကို ထိုင်းရေပိုင်နက်မှာဖမ်းမိ

အောက်တိုဘာလ ၉ ရက်၊ ၂၀၂၃ ခုနှစ်

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဖူးခက်အနောက်ဘက် ထိုင်းရေပိုင်နက်မှာ ငါးဖမ်းခဲ့တဲ့ အင်ဒိုနီးရှား ငါးဖမ်းလှေ ၃ စင်းနဲ့ သင်္ဘောသား အယောက် ၄၀ ကို ထိုင်းအာဏာပိုင်တွေကဖမ်းဆီးခဲ့ပါတယ်။

စနေနေ့က ဖူးခက်အနောက်ဘက်ရှိ ငါးဖမ်းလှေသုံးစင်းကို ထိုင်းကင်းထောက်လေယာဉ်မှ ထိုင်းရေပိုက်နက်အတွင်း တွေ့ရှိပြီးနောက် HTMS Klaeng အား စုံစမ်းစစ်ဆေးဖို့ စေလွှတ်လိုက်တယ်လို့ အမှတ်(၃)ရေတပ်စခန်းမှ ဒုတပ်မှူး R/Adm Puchong Rodnikornမှ ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ ထိုင်းရေတပ်သင်္ဘောမှ KM Rahmat Jaya (သင်္ဘောသား ၁၂ ဦး)၊ KM Ikhlasbaru (သင်္ဘောသား ၁၆ ဦး) နဲ့ Kambiastar (သင်္ဘောသား ၁၂ ဦး) ရှိတဲ့ ငါးဖမ်းလှေသုံးစင်းနဲ့ သင်္ဘောသား စုစုပေါင်း – ၄၀ ဦးကို Laem Prom Thep အနောက်ဘက် ရေမိုင် ၇၅.၈ မိုင်အကွာမှာ တွေ့ရှိခဲ့တာပါ။

လှေသုံးစင်းနဲ့ သင်္ဘောသားတွေကို ဖူးခက်ရှိ ရဿဒါလှေဆိပ်ကို တနင်္လာနေ့မှာ ထိုင်းအစောင့်အကြပ်တွေ လက်ထဲရောက်ရှိခဲ့ပြီး အဆိုပါ သင်္ဘောသားတွေကို Chalong ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref: Bangkok Post

Photo: Bangkok Post