
Move Forward Party (MFP)ခေါင်းဆောင် Pita (ဖီထာ) သည် ၎င်း၏လက်ရှိရာထူးမှ နှုတ်ထွက်၍ ပါတီခေါင်းဆောင်သစ်အား ပြိုင်ဘက်ပါတီနှင့် ယှဉ်ပြိုင်စေရန် လမ်းစပေးနေကြောင်း ဘန်ကောက်ပိုစ့်မှသိရပါသည်။
အသက်(၄၃)နှစ်အရွယ် ဖီတာသည် ယခင်ထိုင်းရွေးကောက်ပွဲတွင် လူထုထောက်ခံမှု မဲအများဆုံးရရှိထားပြီး ထိုင်းဝန်ကြီးချုပ်လောင်းအဖြစ်ဝင်ရောက် အရွေးခံသူဖြစ်သော်လည်း ထိုင်းဖွဲ့စည်းပုံအခြေခံ ဉပဒေများကြောင့် ဝန်ကြီးချုပ်ရာထူးအားလက်လွှတ်ခဲ့ရ၍ ယခုလက်ရှိ MFP ခေါင်းဆောင်ရာထူးမှနှုတ်ထွက်ကာ ပါတီခေါင်းဆောင်သစ်အားနေရာပေးရန် ဖြစ်ကြောင်းသိရသည်။
ယခုရာထူးမှနှုတ်ထွက်ခဲ့သော်လည်း ပြည်သူများနှင့် MFP အတွက် အစဉ်တစိုက် အကောင်းဆုံး ကြိုးစားအားထုတ်သွားမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။ခေါင်းဆောင်သစ်ရွေးချယ်စေရန်အတွက် ဘန်ကောက်မြို့၌ လာမည့်စက်တင်ဘာလ ၂၄ ရက်နေ့တွင် MFP ပါတီဝင်များနှင့် ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ထပ်မံအသိပေးကြောငြာခဲ့သည်။
ယခု MFP အထွေထွေအတွင်းရေးမှူး Chaithawat Tulathon သည် ဖီထာ နောက်ဆက်ခံမည့် Move Forward ပါတီခေါင်းဆောင်ဖြစ်ရန် အလားအလာများသည်ဟု လေ့လာသူတစ်ချို့က ခန့်မှန်းထားကြသည်။
Ref : Bangkok Post
Photo : Bangkok Post