လားရှိုးမြို့က အရပ်သားနေအိမ်တွေမှာ စစ်ကောင်စီတပ်သားတွေ နေရာယူခံစစ်ပြင်

May be an image of 9 people
=====================
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)ကိုးကန့်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်(PDF)တွေက ဝိုင်းဝန်းပိတ်ဆို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့တော် အရှေ့မြောက်တိုင်းစစ်ဌာချုပ်တည်ရှိရာ လားရှိုးမြို့ထဲက အရပ်သားပြည်သူ နေအိမ်တွေမှာ အာဏာသိမ်းစစ်ကောင်တပ်ရဲ့ တပ်သားတွေက ဝင်ရောက်နေရာယူပြီး ခံစစ်ပြင်တာတွေပြုလုပ်နေတယ်လို့ သတင်းရ ရှိပါတယ်။
“တိုင်းကို ဝင်လို့ရတဲ့ ဝင်လမ်းထွက်လမ်းအားလုံးရဲ့ ရပ်ကွက်ထဲက အိမ်တွေကို ဖျက်ဝင်ပြီး စစ်တပ်က ဝင်နေနေတယ်။ အမှတ် ၂ ရဲစခန်းက တပ်ထိန်းတပ်ကို ဝင်တဲ့လမ်းဆို ကော်မရှင်ရုံးမှာ နေနေကြတယ်။ ပြီးတော့ ရပ်ကွက်- ၉ ခေနင်း လမ်းသွယ် ၈ က ပညာရေး(၈)တပ်ကို ဝင်လို့ရတယ်။ အဲ့ဒီလမ်းထဲက အိမ်တွေကိုလည်း ဝင်ပြီး စခန်းချထားတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ လူနေအိမ်တွေမှာ အထိုင်ချတပ်ဖြန့်ထားသလို တပ်ရင်းဌာနချုပ်တွေရဲ့ ပတ်လည်မှာလည်း မိုင်းအမျိုးမျိုးထောင်ထားတာကြောင့် အရပ်သားတွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေ မိုင်းထိတဲ့ဖြစ် စဉ်တွေ ရှိနေတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။
“ ၆၈ တပ် ၉၁၂ တပ်ပြီးတော့ တပ်တိုင်းလိုလိုရဲ့ ပတ်လည်မှာ မိုင်းတွေ ခင်းထားတယ်။ ၁၀၂၇ ပထမလှိုင်းကတည်းက မိုင်းတွေ ခင်းထားတာ။ ၆၈ ဆို ကတ္တရာလမ်းတစ်ခုကလွဲပြီး ကျန်တာ မိုင်းအပြည့်ပဲ။ အရပ်သား တွေကိုက မိုင်းထိတာတွေ မနည်းဘူးပဲ။ ကျွဲ၊ နွား၊ တိရိစ္ဆာန်တွေကောပဲ” လို့ ခ.လ.ရ – ၆၈ တပ်နားမှာနေထိုင်တဲ့ အရပ်သားတစ်ဦးကပြောပါတယ်။
(MNDAA)ကိုးကန့်တပ်နဲ့ မဟာမိတ်တပ်ဖွဲ့တွေက လားရှိုးမြို့သိမ်းတိုက်ပွဲကို ဇူလိုင်လ ၂ ရက်နေ့ညက စတင်ခဲ့တာပါ။ လက်ရှိ တိုက်ပွဲတွေ ဆက်လက်ပြင်ထန်းနေပြီး စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ် (၅)ခုကို မဟာ မိတ်တပ်တွေက တိုက်ခိုက်သိမ်းပိုင်းထားပါတယ်။ ဒါ့အပြင် မြို့အတွင်းကနေရာ တချို့မှာ မဟာမိတ်တပ်တွေက တပ်စွဲထားပြီး မြို့တွင်းတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
လားရှိုးမြို့က နှစ်ဖက်ပစ်ခတ်မှုတွေအတွင်း လူနေအဆောင်အဦးတွေများစွာ ထိခိုက်ပျက်ဆီးပြီး အရပ်သားပြည်သူ ၅၀ ကျော်သေဆုံးကာ သိန်းနဲ့ချီတဲ့ပြည်သူတွေမှာ မြို့ကိုစွန့်ခွာတိမ်းရှောင်နေကြရတယ်လို့ ဒေသခံ တွေကပြောပါတယ်။