မုပ္ပလင်လမ်းဆုံရဲဂိတ်တိုက်ခိုက်ခံရလို့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၆ဦးသေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုထုတ်ပြန်

ဖေဖော်ဝါရီလ ၂၄ရက်၊ ၂၀၂၄ခုနှစ်

 

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊မုပ္ပလင်ကျေးရွာရှိ မုပ္ပလင်လမ်းစုံရဲဂိတ်ကို နယ်မြေခံတော်လှန်ရေး အင်အားစုကလက်နက်ကြီးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်စုစုပေါင်း၆ ဦးသေဆုံးခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ဖေဖော်ဝါရီလ ၂၃ရက်နေ့၊နေ့လည် ၁နာရီဝန်းကျင်အချိန်မှာ မုပ္ပလင်လမ်းဆုံရဲဂိတ်ကို နယ်မြေခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်မှ ၄၀မမ၊၆၀မမနဲ့ကောဒရုန်းနဲ့ပါ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ၃ဦးမှာနေရာမှာပဲသေဆုံးခဲ့သလို ဆေးရုံပို့ဆောင်ချိန်လမ်းတစ်ဝက်မှာလည်း ၃ဦးထပ်မံသေဆုံးခဲ့ပြီး အနီးအနားရှိ ဈေးသည်တစ်ဦးလည်း မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ KRFမှ တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

“ကျွန်တော်တို့အဖွဲ့ကော ပူးပေါင်းအဖွဲ့ကော၄၀ကော၊၆၀ကောဆိုရင်တော့ ၁၀လုံးလောက်ရှိတယ်၊ ဒရုန်းဗုံးသီးက၁လုံး၊စကစဘက်က ထိခိုက်သေဆုံးကစစ်သားကော၊ ရဲကောကနဦးနေရာတင်ပွဲချင်းပြီး ၃ယောက်၊ ဆေးရုံခေါ်သွားချိန်လမ်းခုလတ်မှာတော့၃ယောက်၊နောက်ပြင်ထန်ဒဏ်ရာရတာက၃ယောက် အနီးအနားမှာ ဈေးရောင်းနေတဲ့ဈေးသည်ပြည်သူ၁ဦးလည်း မစိုးရိမ်ရတဲ့ လည်ပင်းကို ရှပ်ထိတဲ့ဒဏ်ရာ တစ်ခုရသွားတယယ်” လို့သူကပြောပါတယ်။

ဒါ့အပြင်ဒီနေ့မနက် ဖေဖော်ဝါရီလ ၂၄ရက်နေ့၉နာရီ၃၀မိနစ်ဝန်းကျင်အချိန်မှာလည်း မုပ္ပလင်လမ်းဆုံး ရဲဂိတ်ဘက်ကနေ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများကြားနေရပြီး ဖေဖော်ဝါရီ၂၃ရက်နေ့ နေ့လည်၁နာရီလောက်လည်း မုပ္ပလင်လမ်းဆုံရဲဂိတ်တိုက်ခိုက်ခံရတာကြောင့် စစ်သား၃ဦးနဲ့ ရဲ၂ဦးသေဆုံးခဲ့တယ်လို့ မုပ္ပလင်ကျေးရွာသူတစ်ဦးကဆိုသည်။

“မနေ့က၁နာရီလောက်ကတော့pdfတွေကလာပစ်တာာလမ်းဆုံရဲဂိတ်မှာလက်နက်ကြီးတွေလည်းအများကြီးပစ်တယ်၊ သေနတ်တွေလည်းအများကြီးပစ်တယ် စစ်သား၃ယောက် ရဲ၂ယောက်သေတယ် ဒီနေ့လည်း ခုဏကလက်နက်ကြီးသံတွေကြားနေရတယ် သေနတ်သံတွေလည်းကြားတယ် အသံကတော့ လမ်းဆုံဂိတ်ဘက်ကနေပဲမနေ့ကဈေးသယ်တစ်ယောက်ထိတယ်လို့ကြားသေးတယ်”လို့ သူဆိုသည်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ရက်နေ့တုန်းကလည်း စစ်တောင်းတံတားသစ်ဂိတ်နဲ့ မုပ္ပလင်လမ်းဆုံရဲဂိတ်တို့ကို နယ်မြေခံတောာ်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်မှ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိခဲ့ ပါသေးတယ်။

မုပ္ပလင်လမ်းဆုံရဲဂိတ်ဟာအခုဖေဖော်ဝါရီတစ်လထဲမှာပဲ တိုက်ခိုက်ခံရတာဟာနှစ်ကြိမ်ရှိနေပြီဖြစ်ပြီး၊ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ရေးမြို့နယ်မှာလည်း နေ့တိုင်းနီးပါးစစ်ကောင်စီတပ်ဝင်း တွေနဲ့ဂိတ်တွေ တိုက်ခိုက်ခံနေရတာကြောင့်စစ်ကောင်စီတပ်ဘက်မှသေဆုံးမှုတွေလည်းရှိနေတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ထုတ်ပြန်ချက်အရအသိရပါတယ်။

 

သတင်း-နော်ဖူးဖူး

ပုံ-Cj

Phar Si Than (People’s Radio Myanmar)