မုပလ္လင်လမ်းဆုံစစ်ဆေးရေးဂိတ်ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေသွားရောက်တိုက်ခိုက်

ဇူလိုင်လ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာအုပ်စု၊ မုပ္ပလင်လမ်းဆုံရှိ စစ်ဆေးရေးဂိတ် ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ Kyaiktho Revoluton Force ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ဇူလိုင်လ ၂၈ ရက်နေ့ နေ့လည် နာရီဝန်းကျင် အချိန်ရှိ မုပ္ပလင်လမ်းဆုံဂိတ်ကို KRF KNU/KNLA ABSDFသေမင်းတမန် ပူးပေါင်းအဖွဲ့တို့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ဦး သေဆုံးကာ ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်မှလည်း ၄၀ မမ၊ ၆၀ မမ၊၈၁ မမအပြင် လက်နက်ငယ်တွေနဲ့ပါပြန်လည် ပစ်ခတ်ခဲ့တာကြောင့် KRF တပ်ဖွဲ့ဝင် ဦးမှာမအစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံ  အေးမင်းထွန်း ကပြောပါတယ်။

မုပ္ပလင် လမ်းဆုံ စကစ စစ်ဆေးရေးဂိတ် အနီးက ရန်သူ အခိုင်မာ တပ်စွဲထားတဲ့နေရာကို

KNU KNLA ABSDF ကျိုက်ထို(ပကဖ)KRF တော်လှန်ရေး အဖွဲ့များမှ  ၄၀ မမ. ၂၅ လုံး RPG. လုံး များဖြင့်  စတင်ပစ်ခတ်

၁၅ မိနစ် နီးပါး ထိတွေ့မှုဖြစ်ပြီး ရန်သူဘက်မှ () ဦးသေဆုံးတယ် () ဦးဒဏ်ရာရရှိတယ်၊အဲ့ဒီခန်းမှာ အင်အား၃၀ လောက်ရှိမယ်၊ ဒဏ်ရာရတဲ့သူ ယောက်ကမစိုးရိမ်ရဘူးနော်၊လက်နက်ကြီးစမှန်တာပါလို့ သူကပြောပါတယ်။

ဒါ့အပြင် နေ့လည် နာရီ ၃၀ မိနစ်အချိန်လောက်က စစ်ကောင်စီတပ်ဘက်က လက်နက် ကြီးပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံအမျိုးသမီး တစ်ဦးကပြောပါတယ်။

လက်နက်ကြီးသံတွေ ၁၅ ၁၆လောက်ရှိတယ် ကြားတာ၊ အချိန်ကတော့ နာရီခွဲလောက်ရှိမယ်၊ စကစဘက်ကလက်နက်ကြီးတွေလည်း

ပစ်တယ် လက်နက်ငယ်တွေလည်းပစ်တယ်လို့သူကပြောပါတယ်။

နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးကလည်းမနေ့က လက်နက်ကြီး တစ်လုံးပစ်သံကြားတယ်ရှင့် ဘယ်ကပစ်တယ်ဆိုတာတော့မသိဘူး၊ ကြားတယ်ဆိုရုံလောက်ပဲ ကားလမ်းနဲ့ညီမတို့နဲ့ဝေးလို့လေလို့ သူပြောပါတယ်။

မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီတပ်ရဲ့စစ်ဆေးရေးဂိတ်ဟာ မကြာခဏဆိုသလိုတိုက်ခိုက်ခံနေရတာဖြစ်တယ်လို့ဒေသခံတွေရဲ့ပြောပြချက် အရသိရပါတယ်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေ၊ ရဲစခန်းဝန်း၊စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်၊ ဌာနဆိုင်ရာ ရုံးဝတွေမှာမကြာခဏဆိုသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်တာကိုခံနေရတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် သထုံခရိုင် ရွှေရောင်ပြကျေးရွာအုပ်စုအတွင်းကို ဇူလိုင်လ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်လာကာ ဇူလိုင် ၂၇ ရက်နေ့ထိ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အခုအချိန်ထိနှစ်ဖက်စစ်ရေးအခြေနေတင်းမာနေဆဲဖြစ်တာကြောင့်

ရွှေရောင်ပြကျေးရွာအုပ်စုအတွင်းက ဒေသခံတစ်ထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။

သတင်းနော်ဖူးဖူး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)