ဘုရားသုံးဆူ ထိုင်း/မြန်မာ နယ်စပ် မှာ ကျားဖျန့်လုပ်ငန်း လုပ်သူတွေ ရောက်လာ နေလို့  ထိုင်းဘက်မှ အစစ်ဆေးပိုမိုတင်းကြပ်လာ

ဇွန်လ ၁၉ ရက် ၂၀၂၄

ကရင်ပြည်နယ်ဘုရားသုံးဆူ မြို့ မှာ ကျားဖျန့်လုပ်ငန်း၊ ကာစီနိုလုပ်ငန်းနဲ့ ပတ်သက်တဲ့ တရုပ် နိုင်ငံသား တွေ အများအပြား နေထိုင် ရောက်ရှိ လာပြီးနောက် ထိုင်းနိုင်ငံ ဘက်ခြမ်းမှာ ထိုင်းစစ်တပ် နဲ့ နယ်စပ် အာဏာပိုင် အဖွဲ့ တွေ က နယ်စပ် ဖြတ်သန်းသွားလာမှု့ ကို စစ်ဆေးတင်းကြပ်လာ တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဇွန်လ အစပိုင်းလောက်ကနေစပြီး အင်တာနက်သုံးစွဲတာတွေ၊စာတိုက် က ပို့တဲ့  ပစ္စည်းပါကင်ပုံးတွေကို ဖောက်စစ်တာ၊လမ်းပိုင်း စစ်ဆေးတာနဲ့ ကွန်ပျူတာဝယ်ယူသုံးစွဲတာတွေ နဲ့ပတ်သက်ပြီး ပိုမိုစစ်ဆေးလာတယ်လို့ ဘုရားသုံးဆူမြို့ခံတစ်ဦးကပြောပါတယ်။

“သူတို့wifiသုံးတာတွေ၊လမ်းအတက်အဆင်းတွေ၊စာတိုက်ကပါကင်ပုံးတွေအကုန်စစ်တာ၊ထိုင်းကနေလာတဲ့ ကွန်ပျူတာတွေ၊ဆင်းကဒ်တွေ၊ကျားဖြန့်မှာအသုံးပြုမဲ့ စက်ကိရိယာတွေအကုန်ဖမ်းတာရောင်းတဲ့သူတွေကလိုင်စင်ရှိပြီသားလေ အများနဲ့လာပြီးဆို ကျားဖြန့်မှာသုံးဖို့ပဲဆိုပြီးစစ်တာ”လို့သူကပြောပါတယ်။

ဒါ့အပြင် ဘုရားသုံးဆူမြို့ကနေ ထိုင်းနိုင်ငံဘက်ကိုသွားတဲ့ နယ်စပ် တရားမဝင် ဂိတ်  ၂ခုလောက်ကိုလည်း ထိုင်းနိုင်ငံဘက်မှ အရင်လိုမပေးသွားတော့မဲ့ ဇွန်လ ၁၈ ရက်နေ့လောက်ကနေစပြီး မနက်၆နာရီကနေ မနက်၉နာရီ၊ ညနေ ၄နာရီနာရီည၉နာရီထိသာ အသွား အလာ အချိန် ကန့်သတ်လိုက်တယ်လို့ ဆိုပါတယ်။

“လူတွေအတက်အဆင်းလုပ်တဲ့ အပေါက်တွေကျတော့ အချိန်တွေအကန့်အသတ်နဲ့ပေါ့ ကျန်တဲ့အချိန်အကုန်ပိတ်တယ်လူသွားလာတဲ့လမ်းတွေမှာအရင်ကဖွင့်ထားတယ်ကျော်တက်ရတယ်ဈေးဝယ်တဲ့သူတွေအလုပ်လုပ်တဲ့သူတွေကောအခုကျော်တက်တဲ့အပေါက်တွေပါပိတ်လိုက်ပြီး”လို့ဆိုပါတယ်။

ဘုရားသုံးဆူမြို့တစ်ဖက်ခြမ်းရှိ ထိုင်းနိုင်ငံ ( ရှမ်းကုန်း)မှာ နယ်စပ် ဖြတ်သန်းပြီး မြန်မာ နိုင်ငံ ဘက် တက်သွင်း မယ့် ကုန်စည် တွေ ကို ရက်ခြား ဆိုသလို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်လာတာလည်းဖြစ်ပါတယ်။

ဧပြီလ‌ေလာက်က မြဝတီ မြို့ဘက် မှာ ကရင် နယ်ခြားစောင့်တပ်BGFက မြဝတီကနေ၆လအတွင်း တရုပ် လောင်းကစား လုပ်ငန်း နဲ့ ငွေလိမ် ကျားဖျန့် လုပ်ငန်း တွေ ထွက်သွားဖို့ ထုတ်ပြန်ထုတ်ပြီးနောက်ပိုင်း ဘုရားသုံးဆူမြို့မှာ ကျားဖြန့်လုပ်ငန်းနဲ့ပတ်သက်တဲ့သူတွေ တရုတ်လူမျိုးတွေထောင်နဲ့ချီပြီး ဝင်ရောက်လာတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

သတင်း-နော်ဖူးဖူး

ပုံစာ -ပစ္စည်းပို့ဆောင်တဲ့နေရာမှာ ထိုင်းတာဝန်ရှိသူလာရောက်စစ်ဆေးနေပုံ

Phar Si Than (People’s Radio Myanmar)