
ဇွန်လ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အပိုင် ပဲခူးရိုးမအတွင်းက ဒေသ ကာကွယ်ရေးတပ်ဖွဲ့ကနေ စစ်ကောင်စီထံ ဘက်ပြောင်းခိုလှုံသွားသူ ၂ ဦးက စခန်းတည်နေရာကို လမ်းပြပြီး တိုက်ခိုက် စီးနင်းခံခဲ့ရ လို့ စခန်း ဖျက်စီးခံရပြီး နှစ်ဖက် တိုက်ပွဲ အတွင်းဒေသ ကာကွယ်ရေး တပ်ဖွဲ့ က ရဲဘော်တစ်ဦး ကျဆုံးခဲ့ တယ်လို့ ကြို့ပင်ကောက်မြို့နယ်အခြေစိုက် တပ်ခွဲ-1 YOMA (GBK) PDF ဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က ရဲဘော်ဆလိုင်း(ခ) လိုင်းယွန်း နဲ့ ရဲဘော်အသေးလေး တို့နှစ်ဦးဟာ စစ်ကောင်စီတပ်ထံ လက်နက်ချ ဘက်ပြောင်း ပူးပါင်း သွားပြီးနောက် ကိုဆလိုင်းက စစ်ကောင်စီစစ်ကြောင်းနဲ့အတူ လမ်းပြ ပါလာပြီး စခန်းတည်နေရာကို စစ်ကောင်စီတပ်ဖွဲ့ နဲ့ ပျူစောထီး တပ်ဖွဲ့ တွေ တိုက်ခိုက် တာကြောင့် စခန်း စွန့် ခွာ ခဲ့ရတာ လို့ YOMA (GBK) PDF တပ်ခွဲမှူး ကိုကရင်လေးက ပြောပါတယ်။
စစ်ကောင်စီတပ်က ဒေသ ကာကွယ်ရေး တပ်ဖွဲ့ ရဲ့ စခန်းငယ် ကို စီးနှင်း တိုက်ခိုက် ဖျက်စီး တာမှာ စစ်အသုံး အဆောင် ပစ္စည်း တွေ နဲ့ လက်နက်ခဲယမ်း ထုတ်လုပ်ရာမှာ အသုံးပြုတဲ့စက်ပစ္စည်း တွေ အပြင် စားသာက် စရာ ရိက္ခာ နဲ့ ဆေးဝါး တွေ ပျက်စီး ဆုံးရှုံး မှု တန်ဖိုး စုစုပေါင်းကာလတန်ဖိုးငွေ သိန်း ၅၀ ခန့် ဆုံးရှုံးခဲ့ရတယ်လို့ တပ်ခွဲမှူး ရဲဘော် ကိုကရင်လေးက People’s Radio Myanmar ကိုပြောပါတယ်။
“ ဆလိုင်းတို့ ဘတ်ပြောင်းပြီး စကစ(စစ်ကောင်စီတပ်) ကို စခန်းတည် နေရာ တေ ပြောပြမှုကြောင့်ရယ် ၊ လမ်းပြအနေနဲ့ ဆလိုင်းပါ စကစ စစ်ကြောင်းမှ ပြန်ပါလာ တာဗျ၊ ၁၂ ရက်နေ့ကနေ ၁၅ရက်နေ့အထိ ပစ်ကြ တာ မှာ စကစ ၁၈ ကောင် (ယောက်) သေတယ်ဗျ” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး(ပြည်သူ့စစ်) ပူးပေါင်းစစ်ကြောင်း အင်အား ၉၀ ခန့်ပါ စစ်ကြောင်းနဲ့ ဒေသတွင်း ကာကွယ်ရေး ပူး ပေါင်း တပ် ဖွဲ့ တွေ ဇွန်လ ၁၂ ရက်ကနေ ၁၅ ရက်နေ့ထိ ၅ ရက်ကြာတိုက်ပွဲအတွင်း မှာ ရဲဘော် ကိုအောင်နိုင် (၄၁)နှစ်ခန့် ကျဆုံးခဲ့တယ်လို့ တပ်ခွဲ- ၅ ကြို့ပင်ကောက် Hero ပြောက်ကျားအဖွဲ့က သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မိုးကြိုးက People’s Radio Myanmar ကိုပြောပါတယ်။
“ သူက ကျွန်တော်တို့ဆီရောက်တာ မကြာသေးဘူး ၅ လလောက်ပဲရှိသေးတယ်၊ သင်တန်းပြီးလို့ ရှေ့တန်း ၃ ပွဲ ထွက်ပြီး ခုက လက်နက်ကြီးနဲ့ ထိမှန်ပြီး ကျဆုံးခဲ့တာပါ” လို့ သူကပြောပါတယ်။
ကျဆုံးရဲဘော်ဟာ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ တော်လှန်ရေးထဲဝင်ရောက်လာခဲ့ပြီး ၆၀ မမ လက်နက် ကြီး ဦးခေါင်းကို ထိမှန်ကျဆုံးခဲ့ကာ မိသားစုဝင်မရှိဘူး လို့ ဗိုလ်မိုးကြိုး က ဆက်ပြီး ပြောပါတယ်။
စစ်ကောင်စီတပ် ၊ပျူစောထီး တပ် ပူးပါင်း စစ်ကြောင်း တွေ နဲ့ ဒေသတွင်း ကာကွယ် ရေးပူးပေါင်းတပ်တွေ အကြား ယနေ့ ဇွန်လ ၁၉ ရက်အထိ့ ကြို့ပင်ကောက် မြို့နယ်အပိုင် ရိုးမ တောတွင်း မှာ စစ်ရေး ဆက်လက် တင်းမာနေ တယ် လို့ ပူးပါင်းတပ်ဖွဲ့ တာဝန်ခံ တွေက ပြောပါတယ်။
ပြီးခဲ့ တဲ့ ဇွန်လ ၄ ရက် က လည်း ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြိုနယ်၊ ဝိုင်းကျေးရွာ ရဲကင်းက စစ်ကောင်စီတပ်သား ၅ ဦးကို TNT အမျိုးအစား မိုင်း နဲ့ အုတ်ဖို ဒေသ ပျောက်ကျားတပ်ဖွဲ့ က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးကာ ၂ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ တဲ့ ဖြစ်စဉ် ဖြစ်ပွား ခဲ့ကြောင်း ပျောက်ကျား တပ်ဖွဲ့ ထုတ်ပြန် ပြောဆိုချက် တွေ အရ သိရပါတယ်။
သတင်း- Naw Drizzle
ပုံ- ပေးပို့
ပုံစာညွှန်း- လက်နက်ကြီးထိမှန်ပြီး ကျဆုံးခဲ့တဲ့ရဲဘော် ကိုအောင်နိုင်ရဲ့ရုပ်အလောင်း