ဘဏ်အတိုးနှုန်းတက်လာပြီးနောက် ထိုင်းဝန်ကြီးချုပ်သည် ဗဟိုဘဏ်အကြီးအကဲနှင့် တွေ့ဆုံပြီး စီးပွါးရေး တိုးမြှင့်မှုအစီအစဉ်များ ဆွေးနွေးလုပ်ဆောင် 

စက်တင်ဘာလ ၂ရက်၊၂၀၂၃ ခုနှစ်

ထိုင်းနိုင်ငံ၏ စီးပွါးရေးဝင်ငွေကို တိုးမြှင့်ခြင်းအစီစဉ်များကြောင့် အစိုးရ ဘဏ်အတိုးနှုန်းများ မမျှော်လင့်ဘဲ တက်လာပြီး တပတ်မပြည့်မှီ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အသစ် Srettha Thavisin သည် အစိုးရအိမ်တော်မှာ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး Sethaput Suthiwartnaruput နဲ့ တွေ့ဆုံခဲ့၌ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးခဲ့သည်ဟု သိရပါသည်။

Srettha သည် ၎င်း၏ Pheu Thai ပါတီ၏ အဓိကကျသော ရွေးကောက်ပွဲဆိုင်ရာ မူဝါဒဖြစ်သည့် ၎င်း၏ဒစ်ဂျစ်တယ် ပိုက်ဆံအိတ်မူဝါဒကို လာမည့်နှစ်တွင် ဘတ်ငွေ 560 ဘီလီယံ (ဒေါ်လာ 15 ဘီလီယံ)ဖြင့် စီးပွါးရေးစျေးကွက်ထဲသို့ ထည့်သွင်းရန် အစီအစဉ်များကို ထပ်လောင်းပြောကြားခဲ့သည်။

ဘဏ်သည် ပြီးခဲ့သော အပတ်က အဓိက နှုန်းထားများကို 2.50 ရာခိုင်နှုန်းဖြင့် 10 နှစ်အတွင်း အမြင့်ဆုံးသို့ မြှင့်တင်ခဲ့ပြီး ၎င်း၏ 2023 တိုးတက်မှု အလားအလာကို 3.6 ရာခိုင်နှုန်းမှ 2.8 ရာခိုင်နှုန်းသို့ လျှော့ချကာ အစိုးရသစ်၏ ငွေကြေးဖောင်းပွမှု အန္တရာယ်များကို ရည်မှန်းလျက် ဤကဲ့သို့ ဆွေးနွေးပွဲ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဘဏ်သည် ၎င်း၏ 2024 ခုနှစ်ခန့်မှန်းချက်ကို 3.8 ရာခိုင်နှုန်းမှ 4.4 ရာခိုင်နှုန်းသို့ မြှင့်တင်ခဲ့သည်။ မနှစ်က တိုးတက်မှုက ၂ ဒသမ ၆ ရာခိုင်နှုန်းဖြင့် တိုးတက်မှုနှန်းနှေးခဲ့သောကြောင့် Srettha သည် ရေတို ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ရည်ရွယ်သည့် မူဝါဒများကို ထုတ်ဖော်ခဲ့ပြီး၊ လျှပ်စစ်မီတာခ ဖြတ်တောက်ခြင်းမှ တရုတ်ခရီးသွားများအတွက် ဗီဇာလိုအပ်ချက်များကို လျှော့ချခြင်းအထိ လုပ်ဆောင်ခဲ့သည် ကိုတွေ့ရသည်။

ပြီးခဲ့သည့်လက BOT အုပ်ချုပ်ရေးမှူး Sethaput Suthiwartnaruput က စားသုံးမှုမြှင့်တင်ရန် အနည်းငယ်သာ လိုအပ်တော့ကြောင်း ပြောကြားခဲ့သည်။ သောကြာနေ့က အတိုးနှုန်းတက်ပြီးနောက်၊ ခေတ္တရပ်ထား၍ ယခုအခြေအနေကိုထိန်းထားနိုင်လျှင် သင့်လျော်သည်ဟု ၎င်းကအကြံပြုခဲ့သည်ကို သိရသည်။

စက်တင်ဘာ ၂၇-၂၉ ရက် Reuters စစ်တမ်းတစ်ခုတွင် စီးပွားရေးပညာရှင် အယောက်၂၀လုံးက BOT နှုန်းထားများကို လာမည့်နိုဝင်ဘာ ၂၉ ရက် ပြန်လည်သုံးသပ်မှုထိ ထိန်းထားရန် မျှော်လင့်ထားသည်။

Siam Commercial Bank မှ စီးပွားရေးပညာရှင် Poonyawat Sreesing က “နှုန်းထားများ မြှင့်ခြင်းက ရင်းနှီးမြှုပ်နှံမှု နှောင့်နှေးသွားတဲ့အတွက် စီးပွားရေးကို နှောင့်နှေးစေနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

သို့သော် ကုန်းစျေးနှုန်းမြှင့်တက်ခြင်းနှင့် ငွေကြေးဖောင်းပွမှု 1 ရာခိုင်နှုန်းမှ 3 ရာခိုင်နှုန်း သို့ရောက်ရှိလာသည်နှင့်အမျှ စီးပွားရေးသည် 5 ရာခိုင်နှုန်းအထိ တိုတက်လာသော်လည်း ယခု နှုန်းထားများကိုထိန်းထားနိုင်ရန် မျှော်လင့်ထားကြောင်း Poonyawat က ထပ်လောင်းပြောကြားခဲ့သည်။အစိုးရနှင့် BOT ၏ မတူညီသော ချဉ်းကပ်မှုမှာ တစ်ခုနှင့်တစ်ခု ကွဲလွဲမှုမရှိဟု လေ့လာသူအချို့က ဆိုသည်။

အစိုးရက စီးပွားရေးကို ပုံမှန်ပြန်ဖြစ်အောင် လိုလားနေချိန်မှာ ဗဟိုဘဏ်က တည်ငြိမ်တဲ့ ပြန်လည်ထူထောင်လာစေဖို့ လိုလားနေပြီး နှစ်ဖက်စလုံးက တိုးတက်မှုကို မြင်ချင်ပါတယ်” ဟု Krung Thai Bank မှ စီးပွားရေးပညာရှင် Phacharaphot Nuntramas က ပြောကြားခဲ့သည်။

အစိုးရ၏ ချဉ်းကပ်မှုသည် စီမံခန့်ခွဲရန် လိုအပ်သည့် ဘဏ္ဍာရေးဆိုင်ရာ ဘေးအန္တရာယ်အချို့ ရှိနေကြောင်း စီးပွားရေးပညာရှင်အချို့က ဆက်လက်ပြောသည်။

တနင်္လာနေ့က တိုက်ရိုက်ထုတ်လွှင့်သည့် မိန့်ခွန်းတွင် Srettha က နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် လွတ်လပ်သောကုန်သွယ်မှုစာချုပ်အသစ်ကို အကောင်အထည်ဖော်နေစဉ် လေးနှစ်အတွင်း အစိုးရအနေဖြင့် လျှပ်စစ်စျေးနှုန်းနှင့် တောင်သူများ၏ ဝင်ငွေသုံးဆကို လျှော့ချသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

Ref : CNA

Photo: Bangkok Post & CNA