နှစ်လနီးပါးတိုက်ပွဲဖြစ်ပွားခဲ့တဲ့ချောင်းနှစ်ခွကျေးရွာကနေအိမ်တွေ ဖောက်ထွင်းခံထားရ

ဇန်နဝါရီလ ၆ရက်၊ ၂၀၂၄ခုနှစ်

 

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်အတွင်းက နှစ်လနီးပါးအကြာ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ချောင်းနှစ်ခွကျေးရွာက ဒေသခံပြည်သူနေအိမ်တွေမှာ ဖောက်ထွင်းခံရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်မရသိရပါတယ်။

နေအိမ်(၁၀၀၀) ဝန်းကျင်ရှိတဲ့ချောင်းနှစ်ခွကျေးရွာမှာပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ရက်နေ့ ကနေစပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရသလို ကျေးရွာအတွင်းက နေအိမ်အများစုမှာစုကို ဖောက်ထွင်းဖျက်ဆီးကာ နေအိမ်အတွင်းမှာရှိတဲ့တန်ဖိုးကြီးပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။

“လူတွေမရှိတော့အိမ်တွင်းကဟာတွေဘယ်သူ့လက်ချက်မှန်းမသိဘူး တန်ဖိုးကြီးတာတွေ တော်တော်များများဖောက်ခံထားရတယ်အစ်ကို့သားဆိုင်ကယ်ကို သွားဝင်ယူတုန်းကဆိုရင် အိမ်တံခါးတွေချိုးဖျက်ထားတွေ မီးစက်တွေ၊TVတွေအားလုံးပါသွားတယ် ဆိုင်ကယ်တောင် အလုံပိတ်ခန်းမှာကြောင့်မို့လို့ပြန်ရခဲ့တာ”လို့သူကပြောပါတယ်။

အခုလက်ရှိအချိန်မှာတော့ ချောင်းနှစ်ခွကျေးရွာအတွင်း စစ်တပ်တွေအထိုင်ချထားတာကြောင့် ကျေးရွာအတွင်းပြန်ဝင်လို့မရသေးပဲ နေအိမ်တစ်ချို့မှာလက်နက်ကြီးကျရောက်ပေါက်ကွဲတာ ကြောင့်ပျက်စီးတာတွေရှိသလို နေအိမ်အများစုနဲ့ဈေးပိုင်းမှာလည်း ဖောက်ထွင်းခံရတယ်လို့ တိမ်းရှောင်နေရတဲ့ဒေသခံတွေကဆိုပါတယ်။

“ရွာထဲမှာစစ်သားတွေစစ်တပ်တွေပြန်ထိုင်နေတာတော့ကြားတယ် အခုရက်ပိုင်းတော့ဘာမှတော့သိပ်မကြာမိဘူး အိမ်တိုင်းတော့ တံခါးတွေပွင့်နေတာပဲ စစ်ခွေးတွေကတော့ ခုံတွေတောင်မကျန်ဘူး သယ်တယ် သယ်ရတာတွေအကုန်ယူတာပဲ ရွာထဲလည်းဝင်လို့မရတော့သေချာမသိရဘူး ဈေးလည်းဖောက်ခံထိတယ် အခုထိရွာထဲကိုပေးမဝင်သေး”လို့ဆိုပါတယ်။

“နောက်ထပ်ကျေးရွာသူအမျိုးသမီးတစ်ဦးကလည်း “လက်နက်တွေလည်းပစ်ချတယ်အိမ် တွေကိုဘယ်သူ့အိမ်တွေလည်းတော့မသိဘူး ရွာထဲလည်းဝင်လို့မရဘူး ညီမတို့အိမ်ဘက် ဆိုရင် လက်နက်ကြီးတွေကျတယ် ဘေးအိမ်ကဆိုမီးလောင်တယ်လို့ဈေးဆိုင်တွေလည်း ဖောက်ထားတယ်လို့ကြားတယ်”ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ၃၀ရက်နေ့တုန်းကလည်း ချောင်းနှစ်ခွကျေးရွာအခြေအနေကိုသွားရောက် ကြည့်ရှုတဲ့ ကျေးရွာသားတစ်ဦးကို ကျေးရွာအတွင်းမှာအထိုင်ချထားတဲ့ စစ်တပ်ကဖမ်းဆီးရိုက်နှက်နှိပ်စက်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် အဲ့ဒီကျေးရွာမှာမော်လမြိုင်မြို့မှာ ဆေးကုသမှုခံယူခဲ့ရပါသေးတယ်။

ချောင်းနှစ်ခွကျေးရွာက တစ်လကျော်ကြာတိုက်ပွဲအတွင်းစစ်တပ်ကလက်နက်ကြီးနဲ့ ပစ်တာတာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ကျေးရွာအတွင်းက နေအိမ်အလုံး၅၀ ကျော်မီးလောင်ပျက်စီးခဲ့သလို ကျေးရွာအတွင်းမှာလည်း စစ်တပ်ကအထိုင်ချထားတာကြောင့် ရွာအတွင်းပြန်ဝင်လို့မရသေးပဲဒေသခံ၄၀၀၀ ဝန်းကျင်ဟာ မုဒုံမြို့၊ ဘုရားသုံးဆူမြို့နဲ့ ဘေးလွတ်ရာအနီးအနားကျေးရွာတွေမှာဆက်လက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

 

သတင်း – နော်ဖူးဖူး

ပုံ – ပုံဟောင်း

Phar Si Than (People’s Radio Myanmar)