ကော့ကရိတ်မြို့ ၆၀ ရာခိုင်နှုန်းကို ထိန်ချုပ်ထားနိုင်ပြီဖြစ်တယ်လို့ တော်လှန်ရေးအင်အားစု ထုတ်ပြန်

ဖေဖော်ဝါရီလ ၂၇ရက်၊ ၂၀၂၄ခုနှစ်

 

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ ပြီးခဲ့တဲ့ဒီဇင်ဘာလ၁ရက်နေ့ကနေစပြီး အခုဖေဖော်ဝါရီလ ၂၅ရက်နေ့ထိကိုစစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးအခုလက်ရှိအချိန်မှာတော့ မြဝတီ−ကော့ကရိတ် (အာရှလမ်းပိုင်း)နဲ့ မြို့ပေါ်ဧရိယာ၆၀ရာခိုင်းနှုန်းကို ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

 

၃လနီးပါးအကြာဖြစ်ပွားနေတဲ့ကော့ကရိတ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၃၀ဦီးသေဆုံးခဲ့သလို လက်နက်ချအညံ့ခံသူ၁၄ဦးရှိနေပြီးလည်းဖြစ်ပါတယ်။

 

ဒါ့အပြင်စစ်ကောင်စီတပ်အထိုင်ချထားတဲ့စခန်းတစ်ချို့ကိုလည်း KNLAပူးပေါင်း တပ်ဖွဲ့တွေဘက်မှ သိမ်းပိုက်ထားကာအခုလက်ရှိအချိန်မှာတော့ ကော့ကရိတ်မြို့တွင်းစစ်တပ်ဘက်မှ ခံစစ်ပြင်ဆင်ထားတဲ့အနေအထားသာဖြစ်တယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသအထူးတပ်ဖွဲ့ခေါင်းဆောင် (တပ်ဖွဲ့မှူး) ကိုအောင်စံရှားကပြောပါတယ်။

 

“ပူးပေါင်းစစ်ကြောင်းတွေကနယ်မြေစိုးမိုးထိန်းချုပ်ရေးလုပ်ထားနိုင်တယ်မြို့ဧရိယာရဲ့အနည်းဆုံး၆၀ရာခိုင်နှုန်းလောက်ရှိမယ်၊တိုက်ပွဲအခြေအနေကတော့နလက်ရှိအချိန်မှာလည်းစစ်ကောင်စ်နေတယ်၊စကစကတော့ဒီအာရှလမ်းပေါ်မှာရှိတဲ့ စခန်းတွေနဲ့ရပ်ကွက်တွေမှာ သူတို့ချထား တဲ့အထိုင်စခန်းတွေကိုတစ်ချို့စခန်းတွေကို KNLAပူးပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်ပြီး သိမ်းပိုက်လိုက်သလိုတစ်ချို့စခန်းတွေကိုသူတို့စွန့်ခွာသွားတာရှိတယ် မြို့ထဲမှာပြန်စုပြီးတော့ မြို့တွင်းမှာခံစစ်ပဲလုပ်ထားတဲ့အခြေနေပေါ့နော်”လို့သူကပြောပါတယ်။

လက်ရှိအချိန်မှာလည်းစစ်ကောင်စီတပ်သားတွေဟာတပ်ရင်တွေအတွင်းမှာသာနေထိုင်နေကြပြီးတော်လှန်ရေးအင်အားစုတွေတပ်စွဲထားတဲ့နေရာတွေကိုတော့ဒရုန်းတွေနဲ့လာရောက်ဗုံးကြဲတိုက်ခိုက်တာမျိုးတွေရှိနေသလိုဒေသခံပြည်သူတွေကိုလည်းလူသားဒိုင်းအဖြစ်လုပ်ဆောင်နေတာမျိုးတွေရှိတယ်အဲ့ဒီကအိမ်တွေကိုမီးရှို့တယ်လို့ဆိုသည်။

“အခုလောလောဆယ်မှာစစ်တပ်က ၉၇တို့၊အမှတတ်၃ တို့ ၊စကခ ၁၂တို့သူတို့တပ်ရင်းတွေ ထဲမှာပဲရှိတော့တယ်၊ဒါ့ပေမဲ့သူတို့ကကျွန်တော်တို့ကိုတပ်စုတစ်စုနဲ့လာပစ်တာတွေတော့ရှိတယ်၊ဒရုန်းတွေနဲ့မီးလောင်ဗုံးကြဲတယ်၊ကျွန်တော်တို့လာပစ်နိုင်တဲ့လမ်းကြောင်းတွေပေါ့ အဲ့ဒီကအိမ်တွေကိုမီးရှို့တယ်၊ ဒီဘက်မှာသူတို့ရွာသားတွေလည်းပြန်ဝင်ခွင့်ပေးတယ်၊ပစ္စည်းယူခွင့်ပြုတယ်ဆိုပြီးသတင်းလွှင့်တယ်၊ရွာသားတွေလာရင်ဖမ်းတယ်ပြီးတော့လူသားဒိုင်းလုပ်တယ်မျက်မြင်တွေ့ရတာတွေရှိတယ်၊ရွာသားတွေကိုရှေ့မှာထိုင်ခိုင်းပြီးသူတို့ ပုခုံးပေါ်ကိုသေနတ် တင်ပစ်တာတွေရှိတယ်”လို့သူကဆိုပါတယ်”ဆိုပါတယ်။

အခု၂၀၂၄ခုနှစ်မှာလည်း ရခိုင်၊ရှမ်း၊ကရင်နီ၊ကချင်ပြည်နယ်နည်းတူ ကရင်ပြည်နယ်ရှိ တော်လှန်ရေးအင်အားစုများမှနယ်မြေစိုးမိုးရေးနဲ့ မြို့တွေအပြည့်အဝသိမ်းပိုက်နိုင်ဖို့အထိရည်ရွယ်ပြီးစစ်ရေးအရှိန်မြှင့်နေကြောင်းကိုအောင်စံရှားကပြောပါတယ်။

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်ရဲ့ ခလရ ၉၇တပ်ရင်းနဲ့ လှိုင်ဝအမြှောက်ကနေ တော်လှန်ရေးအင်အားစုတွေရှိနိုင်မဲ့နေရာတွေကို လက်နက်ကြီးတွေ၊မီးလောင်ဗုံးတွေနဲ့ ပစ်ခတ်နေတာ၊ရှို့မီးတွေကြောင့်မကြာခဏမီးလောင်မှုတွေဖြစ်ပွားနေပြီးအခု၃လနီးပါးအကြာတိုက်ပွဲအတွင်းကော့ကရိတ်မြို့မှာမီးလောင်မှုဖြစ်ပွားတာဟာ အကြိမ်၂၀ လောက်ရှိကာ နေအိမ်အလုံး၄၀၀ဝန်းကျင်လောက်မီးလောင်ပျက်ခဲ့ပြီးလို့ ကော့ကရိတ်မြို့ခံတွေရဲ့ပြောပြချက်အရသိရသည်။

 

သတင်း-နော်ဖူးဖူး

ပုံ-အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F

Phar Si Than (People’s Radio Myanmar)