မြန်မာ

ကော့ကရိတ်မြို့မှာ တိုက်ပွဲတွေဖြစ်ပွားလာမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီးနောက်ပိုင်း ဒေသခံ ပြည်သူတစ်ချို့ ပြောင်းရွှေ့နေကြ

စက်တင်ဘာလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့ နောက်ပိုင်းကစပြီး တိုက်ပွဲတွေဖြစ်ပွားလာမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်ပိုင်း ကော့ကရိတ်မြို့ ဒေသခံတစ်ချို့ နေရပ်စွန့်ခွာပြောင်းရွှေ့နေကြတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။ ကော့ကရိတ်မြို့မှာ…

မြန်မာ

ရန်ကုန်-မော်လမြိုင်လမ်းကားလမ်းအနီး သစ်ကွင်းလမ်းစုံဂိတ်တဝိုက်မှာ ကင်းပုန်း​ဝပ်နေနဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ ၅ ဦးသေဆုံး

စက်တင်ဘာလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ရန်ကုန်-မော်လမြိုင် ကားလမ်းအနီး သစ်ကွင်းလမ်းစုံဂိတ်တဝိုက်မှာ ကင်း ပုန်းဝပ်နေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံခဲ့ရတာကြောင့် ၅ ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့ မနက်…

မြန်မာ

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် တနင်္သာရီမြို့နယ်က ဘုန်းကြီးနှစ်ပါး လက်နက်ကြီး ကျည်ထိမှန်ဒဏ်ရာရ

စက်တင်ဘာလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ် တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဘုန်ကြီးနှစ်ပါး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် ဒေသခံတွေဆီကနေသိရပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့၊ နေ့လည်…

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့စီးပွားရေးကို အထောက်အကူဖြစ်စေဖို့ ပြည်ပမှ ၀င်ငွေခွန် စည်းမျဥ်းတွေ တင်းကြပ်ထား

စက်တင်ဘာလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ် ထိုင်းအစိုးရသစ်က ဝင်ငွေမညီမျှမှုကို လျှော့ချဖို့နဲ့ စီးပွားရေးကို လှုံ့ဆော်ပေးတဲ့ စီမံချက်တွေအတွက် ဝင်ငွေတိုးဖို့ ကြိုးပမ်းနေတာကြောင့် ပြည်ပဝင်ငွေဆိုင်ရာ အခွန်စည်းမျဥ်းတွေကို ရှေ့လျှောက် တင်းကြပ်တော့မှာ ဖြစ်ပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနက လွန်ခဲ့တဲ့…

ဆောင်းပါး

“အောင်ပွဲရလို့ပြန်ရတဲ့အခါ အိမ်ကလက်ခံပေးဖို့ တောင်းဆိုချင်တဲ့သူမ”

“အောင်ပွဲရလို့ပြန်ရတဲ့အခါ အိမ်ကလက်ခံပေးဖို့ တောင်းဆိုချင်တဲ့သူမ” ကျွန်မက ဒုတိယနှစ် CDM ကျောင်းသူတစ်ယောက်အဖြစ်နဲ့ နွေဦးတော်လှန်ရေးမှာ စတင်ပါဝင် ဖြစ်ခဲ့တယ်။ ဘာလို့ပါဝင်ဖြစ်တာလဲဆိုတော့ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းတာကိုလက်မခံနိုင်လို့ နောက်ပြီးတော့ အမှန်တရားဘက်ကရပ်တည်ချင်တယ်။ လူပီသတဲ့ လူတစ်ယောက် ဖြစ်ချင်တာတွေကြောင့် သပိတ်လှုပ်ရှားမှုတွေမှာပါဝင်ခဲ့တယ်။ ကျွန်မတို့မြို့လေးကလည်းကျဥ်းတယ်…

မြန်မာ

မြဒေါင်ကျေးရွာက ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ယာယီစခန်းကုန်း စီးနင်းတိုက်ခိုက်ခံရ

စက်တင်ဘာလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ် တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်၊ မြဒေါင်ကျေးရွာရှိ ပြည်သူ့ကာကွယ်ရေး တပ်တွေရဲ့ ယာယီစခန်းကုန်းတစ်ခု စစ်ကောင်စီတပ်တွေရဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခံရတယ်လို့ ဒေခံတွေဆီကနေသိရပါတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့၊ မနက် ၁၀…

ကရင်ဘာသာစကား

ပယီၤသုးဒွဲၣ်အူမၤဟးဂီၤအဃိ ယ့ၣ်စ့ၣ်ကိသဝီပူၤ ဟံၣ်အဖျၢၣ်၁၀ဃၣ်ဃၣ်မ့ၣ်အူအီၣ်ဟးဂီၤ

လါစဲးပထ့ဘၢၣ် ၁၉သီ၊၂၀၂၃နံၣ် ကညီကီၢ်စဲၣ် သၣ်တီၣ်ကီၢ်ဆၣ် သၣ်တီၣ်ကျဲ၅မံးလာ် ယ့ၣ်စ့ကိသဝီကရူၢ်ပူၤ ပယီၤသုးဒွဲၣ်အူမၤဟးဂီၤအဃိ ဘုဖီ၃ဖျၢၣ်ဒီးကမျၢၢ်ဟံၣ်မ့ၣ်အူအီၣ်ဟးဂီၤအဖျၢၣ်၁၀ဃၣ်ဃၣ်န့ၣ်သၣ်တီၣ်ဝ့ၢ်လီၢ်ကဝီၤဖိစံးဝဲန့ၣ်လီၤ ဖဲအပူၤကွံာ်လါစဲးပထ့ဘၢၣ်၁၃သီအနံၤခါ ရှါပၠီချီသဝီပူၤ ပယီၤသုးဖိလၢဟဲက့ၤဆူဒူၣ်ဖိထၢဖိအိၣ်တဂၤ ဘၣ်တၢ်ဖှီၣ်အီၤခီဖျိကရူၢ်ကရၢလၢတသ့ၣ်ညါအမံၤတဖုဝံၤအလီၢ်ခံ တီအူဝ့ၢ်ပူၤပယီၤသုးတဖၣ်ဟဲဆီလီၤလီၢ်ဒီးဂံၢ်ဘါအါအါဂီၢ်ဂီၢ်လၢရှါပၠီချီသဝီပူၤန့ၣ်သၣ်တီၣ်ဝ့ၢ်လီၢ်ကဝီၤဖိစံးဝဲဒၣ်န့ၣ်လီၤ “ဖဲလါစဲးပထ့ဘၣ် ၁၁သီ ပယီၤသုးဖိတဂၤဟဲက့ၤလၢရှါပၠီချီသဝီပူၤဒူၣ်ဖိထၢဖိအိၣ်ဒီး တဲဝဲကလဲၤလၢထိးအိၣ်တၢ်အလီၢ်ဝံၤ လဲၤသမံသမိးဝဲတၢ်ပၢၢ်ဆၢသုးတဖၣ်အိၣ်တၢ်အလီၢ်ဒီးဆှၢထီၣ်တၢ်ကစီၣ်လီၤဖဲ၁၃သီအခါပှၤဖှီၣ်ဃးအီၤဒီးလီၤမၢ်ဝံၤအလီၢ်ခံပယီၤသုးနုာ်လီၤဆီလီၤလီၢ်ဒီးဂံၢ်ဘါအါအါဂီၢ်ဂီၢ်န့ၣ်”အဝဲစံးဝဲန့ၣ်လီၤ ဟံန့ၣ်ဆီလီၤလီၢ်ဝံၤဖဲလါစဲးပထ့ဘၢၣ်၁၄သီဂီၤခီဆၢကတီၢ်ပယီၤသုးတဖၣ်ဒွဲၣ်အူမၤဟးဂီၤကွံာ်ဝဲ ယ့ၣ်စ့ကိသဝီကရူၢ်…

မြန်မာ

ရေဖြူမြို့ရပ်တော်မူဘုရားအနီးမှာတပ်စွဲထားတဲ့ စစ်ကောင်စီဂိတ်တို က်ခိုက်ခံရလို့ ၂ ဦး သေဆုံး

စက်တင်ဘာလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့ ရပ်တော်မူဘုရားအနီးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံခဲ့ရတာကြောင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်…