စစ်ကောင်စီတပ်က ကော့ကရိတ်တောင်ပိုင်းကျေးရွာတွေမှာ အဖျက်လုပ်ငန်းတွေ ဆက်တိုက် လုပ်ဆောင်နေ
ဇွန်လ ၆ ရက်၊ ၂၀၂၃ ခုနှစ် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ဘက်ပိုင်းမှာရှိတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်က အဖျက်လုပ်ငန်းတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်က ကော့ကရိတ်မြို့တောင်ဘက်ပိုင်းမှာရှိတဲ့ကျေးရွာတွေမှာ ပြီးခဲ့တဲ့ မေလ အစပိုင်းလောက်ကစတင်ပြီး ကျေးရွာဆက်လမ်းတွေကိုဖျက်ဆီးတာ၊ ကျေးရွာထဲလက်နက်ကြီး ပစ်ခတ်တာတွေကို…









