မြန်မာ

ပလောက်မြို့မှာ ညမထွက်ရအမိန့်ကို စစ်ကောင်စီတပ်က အချိန်ထပ်တိုးထုတ်ပြန်တဲ့အပြင် ပစ်မိန့်ပါပေးထားတယ်လို့ သိရ

စက်တင်ဘာလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ် တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်၊ ပလောက်မြို့မှာ ညမထွက်ရအမိန့်ကို စစ်ကောင်စီတပ်က အချိန်ထပ်တိုးသတ်မှတ်လိုက်တဲ့အပြင် ပစ်မိန့်ပါပေးထားတယ်လို့ ပလောက်မြို့နယ် ဒေသခံတွေဆီကနေသိရပါတယ်။ စက်တင်ဘာလ ၁၀ ရက်နေ့၊ ညနေ ၄…

မြန်မာ

ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး ဒေသခံ ၈ ဦးထက်မနည်း ဒဏ်ရာရ

စက်တင်ဘာလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ် တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်ရှိ လက္ကူးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး ဒေသခံ ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေဆီကနေသိရပါတယ်။ ပြီးခဲ့တဲ့…

ဆောင်းပါးသတင်း

“ထောက်ပို့တစ်ယောက်ရဲ့ရင်ဖွင့်သံ”

“ထောက်ပို့တစ်ယောက်ရဲ့ရင်ဖွင့်သံ” ပြည်သူလူထုရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို စစ်ကောင်စီက လက်နက်အားကိုးနဲ့ အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး အခုချိန်ထိ အန်တီဟာ ကိုယ့်နိုင်ငံထဲမှာ ရှိမနေခဲ့ဘူး။ မိသားစုစားဝတ်နေရေးအတွက် အန်တီဟာ ပြည်ပကိုရောက်နေတာ နှစ် (၂၀) ကျော်ခဲ့ပြီး။ အာဏာရူးတွေသာ အာဏာမသိမ်းခဲ့ရင် အခုချိန်ဆို အန်တီတို့နိုင်ငံ…

မြန်မာ

မြဝတီမြို့အဝင် သင်္ဃန်းညီနောင်ပြည်သူ့စစ်ဂိတ် တိုက်ခိုက်ခံရလို့ ပြည်သူ့စစ် ၃ ဦးသေဆုံး

စက်တင်ဘာလ ၉ ရက်၊ ၂၀၂၃ ခုနှစ် ကရင်ပြည်နယ်၊ မြဝတီမြို့အဝင် သင်္ဃန်းညီနောင်ကျေးရွာ ပြည်သူ့​စစ်ဂိတ် တိုက်ခိုက်ခံခဲ့ရတာကြောင့် ပြည်သူ့စစ်တပ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ စက်တင်ဘာလ ၉ ရက်နေ့မနက် ၉ နာရီ…

မြန်မာ

တနင်္သာရီမြို့နယ်ရဲ့ ဝင်ပေါက်ဖြစ်တဲ့ ဇဝဲစစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့်ပိတ်ထား

စက်တင်ဘာလ ၉ ရက်နေ့၊ ၂၀၂၃ ခုနှစ် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-တနင်္သာရီကားလမ်းပေါ်ရှိ စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်ရဲ့ အဓိကဝင်ပေါက်ဖြစ်တဲ့ ဇဝဲစစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့်ပိတ်ထားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေဆီကနေသိရပါတယ်။ စက်တင်ဘာလ ၆ ရက်နေ့က မြိတ်-တနင်္သာရီကားလမ်းပေါ်ရှိ ကော့မပြင်းရွာအနီးမှာ…

မြန်မာ

မြဝတီမြို့ရဲစခန်းက ရဲမိသားစုဝင်တွေ ရဲစခန်းအပြင်ဘက်မှာ ရွှေ့ပြောင်းနေထိုင်နေကြ

စက်တာဘာလ ၈ ရက်၊ ၂၀၂၃ ခုနှစ် ကရင်ပြည်နယ်၊ မြဝတီမြို့ ရဲစခန်းဝန်းအတွင်းနေထိုင်နေကြတဲ့ ရဲမိသားစုဝင်​တွေဟာ ရဲစခန်းဝင်းအတွင်း မနေထိုင်ရဲကြတော့ပဲ မြဝတီမြို့ထဲက အသိဆွေမျိုးတွေရှိရာ နေအိမ်တွေမှာ သွားရောက်နေထိုင် နေကြတယ်လို့ ရဲစခန်းနဲ့နီးစပ်သူတွေထံမှသိရပါတယ်။​ စက်တင်ဘာလ ၃ ရက်နေ့…

မြန်မာ

မြဝတီမြို့အဝင် သင်္ဃန်းညီနောင်တပ်မစစ်ဆေးရေးဂိတ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်လက်အောက်ခံဝန်ထမ်းတစ်ဦးသေဆုံး

စက်တင်ဘာလ ၈ ရက်၊ ၂၀၂၃ ခုနှစ် ကရင်ပြည်နယ်၊ မြဝတီအဝင် သင်္ဃန်းညီနောင်တပ်မစစ်ဆေးရေးဂိတ်မှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက် ခံရတာကြောင့် စစ်ကောင်စီတပ်လက်​အောက်ခံဝန်ထမ်းတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စက်တင်ဘာလ အစပိုင်းလောက်ကစပြီး ကရင်ပြည်နယ်ထဲက စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေနဲ့…

မြန်မာ

ထားဝယ်ထောင်ရှိ နိုင်ငံရေးအကျဉ်းသားတွေက ထောင်အာဏာပိုင်တွေကို အရေးယူပေးဖို့ တော်လှန်ရေးအဖွဲ့တွေဆီ အိတ်ဖွင့်စာပေးပို့ အကူအညီတောင်း

စက်တင်ဘာလ ၈ ရက်၊ ၂၀၂၃ ခုနှစ် ထားဝယ်ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားတွေကို အကြမ်းဖက်ညှင်းပန်းနှိပ်စက်နေတဲ့ ထောင်အာဏာပိုင်တွေကို အရေးယူပေးဖို့ တော်လှန်ရေးအဖွဲ့တွေဆီ အကူအညီတောင်းခံတဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကို ထားဝယ်ထောင်ရှိ နိုင်ကျဉ်းတွေက ပေးပို့လိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီကနေသိရပါတယ်။ လက်ရှိ ထားဝယ်အကျဉ်းထောင်ကို…

မြန်မာ

ကော့ကရိတ်မြို့အနီးနားမှာ ပြောက်ကျားပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ထုတ်နေ

စက်တင်ဘာလ ၇ ရက်၊ ၂၀၂၃ ခုနှစ် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ တံတားဦးကျေးရွာနားမှာ ပြောက်ကျားပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။ ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး…

မြန်မာ

ကမမောင်းမြို့က အထွေထွေအုပ်ချုပ်ရေးမှူးရုံးဒရုန်းဗုံးကြဲတိုက်ခိုက်ခံရလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး သေဆုံး

  စက်တင်ဘာလ ၇ ရက် ၂၀၂၃ ခုနှစ် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့နယ်က စစ်ကောင်စီလက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံမှသိရပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ မနက်…