တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ပြီး နွားသုံးကောင်သေဆုံး
ဒီဇင်ဘာလ ၁၂ရက်နေ့၊ ၂၀၂၃ခုနစ် မြိတ်ခရိုင်၊ စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာကြောင့် လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို နွားသုံးကောင်လည်း ထိခိုက်သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၉ရက်နေ့က ရေဖြူကျေးရွာရှိ ကမ္ဘာဇဆီအုန်းကုမ္ပဏီအရှေ့မှာ…