မြန်မာ

မွေ့ရှောင်ရွာအနီးမှာ စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား (၅)ဦး သေဆုံး

နိုဝင်ဘာလ ၁၅ရက်နေ့၊ ၂၀၂၃ခုနစ်   တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်ရှိ တုံးဗျောကြီးကျေးရွာအုပ်စု၊ မွေ့ရှောင်ရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ အင်အား (၁၀၀) ပါ စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ (၁၅)ရက်နေ့၊…

မြန်မာ

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားတာတွေမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်နေ

နိုဝင်ဘာလ ၁၅ရက်၊ ၂၀၂၃ ခုနှစ်   ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာတွေမရှိဘဲ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ပြီးခဲ့တဲ့စက်တင်ဘာလ ကတည်းက နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေပြီး…

မြန်မာ

ပညစ်ကျေးရွာကနေအိမ်တွေကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီး

နိုဝင်ဘာလ ၁၄ရက်နေ့၊ ၂၀၂၃ခုနှစ်   တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ ပင်လယ်ကမ်းခြေရွာရှိတဲ့ ပညစ်ကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပညစ်ရွာဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ (၁၂)ရက်နေ့ နေ့လည်ပိုင်းလောက်မှာ ကမ်းပနီရွာဘက်ကနေ ပညစ်ကျေးရွာဘက်ကို အင်အား (၆၀)လောက်နဲ့…

မြန်မာ

ကျိုက်မရောမြို့နယ်အတွင်းကကျေးရွာတွေထဲကိုစစ်ကောင်စီတပ်ကလက်နက်ကြီးတွေ၊လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့်နေအိမ်အများအပြားထိခိုက်ပျက်စီး

နိုဝင်ဘာလ ၁၄ရက်၊ ၂၀၂၃ခုနှစ်   မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်အတွင်းကကျေးရွာတွေဘက်ကိုစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တာလေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ကျေးရွာအတွင်းကနေ အိမ်တွေအများအပြား ထိခိုက်ပျက်စီးတာတွေရှိနေတယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။ နိုဝင်ဘာလ (၁၀)ရက်နေ့ကနေ (၁၃)ရက်နေ့ထိကို ချောင်းနှစ်ခွကျေးရွာနဲ့တောင်ကလေးကျေးရွာလမ်း ပိုင်းအတွင်းနှစ်ဖက်တိုက်ပွဲဖြစ်ပွာခဲ့ပြီး စစ်ကောင်စီတပ်ကပါလက်နက်ကြီးနဲ့ ပစ်ခတ်တာလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် တောင်ကလေးကျေးရွာ နေအိမ်၂လုံးပျက်စီးခဲ့တဲ့အပြင် မယ်တရိုကျေးရွာမှာလည်း နေအိမ်အများအပြားထိခိုက်ပျက်စီးတာတွေရှိပေမဲ့…

မြန်မာ

တောင်ငူ−သံတောင်လမ်း (၅) မိုင် နားမှာ တိုင်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က အနီးနားကျေးရွာရှိ နေအိမ် (၂၅) လုံးကို မီးရှို့ ဖျက်ဆီး

နိုဝင်ဘာလ ၁၄ရက်၊ ၂၀၂၃ ခုနှစ်   ကရင်ပြည်နယ်၊ တောင်ငူ−သံတောင်လမ်း (၅) မိုင်နားမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားပြီး အနီးနားကျေးရွာတွေက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သံတောင်မြို့ ဒေသခံတွေဆီက သိရပါတယ်။…

မြန်မာ

ကော့ကရိတ်မြို့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁၂) နဲ့ လှိုင်ဝတံတားအနီးရှိ စစ်ကောင်စီတပ် ဂိတ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

နိုဝင်ဘာ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်   ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ (၁၂) နဲ့ လှိုင်ဝတံတားအနီးရှိ စစ်ကောင်စီတပ်ဂိတ်ကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ Kloud အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။…

မြန်မာ

ကရင်ကြီးရွာမှာ စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တာကြောင့် ရွာသားနှစ်ဦးသေဆုံး

နိုဝင်ဘာလ ၁၃ရက်နေ့၊ ၂၀၂၃ခုနှစ်   တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ ကရင်ကြီးရွာဘက်ကို စစ်ကောင်စီတပ်တွေက အင်အား (၅၀)ကျော်လောက်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံနှစ်ဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့တယ်လို့ ကရင်ကြီးရွာ ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ (၉)ရက်နေ့၊ မနက်…

မြန်မာ

ချောင်းနှစ်ခွနဲ့တောင်ကလေးတိုက်ပွဲအတွင်းနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ်နှစ်ဦးသေဆုံး

နိုဝင်ဘာလ ၁၃ရက်၊ ၂၀၂၃ခုနှစ်   မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ကျေးရွာနဲ့တောင်ကလေးကျေးရွာလမ်းပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့KNLAပူးပေါင်းတပ်ဖွဲ့တို့နှစ်ဖက်တိုက်ပွဲဆက်လက်ဖြစ်ပွားနေတဲ့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့်ကလေးငယ်နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ (၁၂) ရက်နေ့ နေ့လည် (၁) နာရီဝန်းကျင်အချိန်မှာ တောင်ကလေးရဲစခန်းကနေ အနီးအနားကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်…

မြန်မာ

ချောင်းနှစ်ခွရွာနဲ့တောင်ကလေးကျေးရွာကြားကကျေးရွာလမ်းပိုင်းမှာနှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေ

​နိုဝက်ဘာလ ၁၁ရက်၊ ၂၀၂၃ခုနှစ်   မွန်ပြည်နယ်၊ချောင်းနှစ်ခွရွာနဲ့ တောင်ကလေးကျေးရွာကြားကကျေးရွာလမ်းပိုင်းမှာ  စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နိုဝင်ဘာလ (၁၀)ရက်နေ့မနက်အစောပိုင်းကနေ ဒီနေ့နိုဝင်ဘာလ(၁၁)ရက်နေ့ထိကို နှစ်ဖက်ထိတွေ့တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံ တွေထံမှသိရပါတယ်။ နိုဝင်ဘာလ ၁၀ရက်နေ့ကချောင်းနှစ်ခွကျေးရွာမှာစစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်ဘက်ကပါMi(35)ရဟတ်ယာဉ်နဲ့လာရောက်ပစ်ခတ်ခဲ့ပြီး ဒီနေ့နိုဝင်ဘာလ(၁၁)ရက်နေ့မနက်ပိုင်းထိကိုလည်း…

မြန်မာ

စစ်ကောင်စီတပ်စခန်းကို  ပြည်သူ့ကာကွယ်ရေးတပ်တွေ သွားရောက်ပစ်ခတ်

နိုဝင်ဘာလ ၁၀ရက်၊ ၂၀၂၃ခုနစ်   တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းတခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်တပ်တွေကသွားရောက် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ရဲ့ အရာခံဗိုလ်တစ်ဦး အပါအဝင် သုံးဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ (၈) ရက်နေ့၊…