မြဝတီမြို့မှာ ကုန်ဈေးနှုန်းတစ်စတစ်စမြင့်တက်လာတာကြောင့် ဒေသခံတွေအခက် အခဲကြုံနေရ
ဇွန်လ ၃ရက် ၂၀၂၄ ကရင်ပြည်နယ်ရှိ မြဝတီမြို့နဲ့ ကော့ကရိတ်မြို့နယ်ကို အဓိကသွားလာရာလမ်းဖြစ်တဲ့ ထို့်ကော်ကိုးလမ်းပိုင်းမှာမိုးရွာသွန်းမှုကြောင့် ကားလမ်းပိတ်ဆို့တာ၊ဘတ်ငွေ ဈေးနှုန်း မတည်ငြိမ်တာတွေကြောင့် မြဝတီမြို့မှာကုန်ဈေးနှုန်းတစ်စတစ်စမြင့်တက်လာတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ မေလနောက်ဆုံးအပတ်လောက်ကနေစပြီးမိုးအဆက်မပြတ်ရွာသွန်းသလို ဘတ်ငွေဈေးမတည်ငြိမ်တာတွေကြောင့် ယခင်က ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ၁၄၀၀၀၀ ဝန်းကျင်သာေပးရပြီး အခုလက်ရှိမှာေတာ့…