
နိုဝင်ဘာလ ၁၉ရက်၊ ၂၀၂၃ခုနှစ်
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွတံတားနဲ့ အနီးအနားကျေးရွာတွေမှာစစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့နှစ်ဖက်တိုက်ပွဲဆက်ပြီးပြင်းထန်နေတဲ့ အပြင်စစ်ကောင်စီတပ် ဘက်ကလည်းလက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
နိုဝင်ဘာလ(၁၈)ရက်နေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်တွေအထိုင်ချထားတဲ့ တောင်က လေးရဲစခန်းကို နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကဒရုန်းနဲ့လာ ရောက်ဗုံးကြဲနေသလို စစ်ကောင်စီတပ်ဘက်လည်း လှကဇိုင်းကျေးရွာနဲ့ အနီးအနားကျေးရွာတွေဘက်ကို လက်နက်ကြီး တွေနဲ့ပြန်လည်းပစ်ခတ်နေပြီး မနက်(၁၁)နာရီဝန်းကျင်အချိန်မှာတော့ တိုက်လေယာဉ်လာရောက်ဝဲပျံ တာတွေရှိတယ်လို့ တောင်ကလေးကျေးရွာသားတစ်ဦးကပြောပါတယ်။
“ပစ်နေတုန်းပဲ ဘေးနားကရွာတွေပဲကျတယ် စခန်းကခုလေးတင်တစ်လုံးထုသွားတယ် ပစ်တာကစခန်းကပစ်ကပစ်ထုတ်နေတာအခုကဒရုန်းပဲချနေတာဒရုန်းလာတာနဲ့လှကဇိုင်း၊ခလယ်၊မြို့ဟောင်းအဲ့ဖက်ကို အမြှောက်နဲ့ပစ်တော့တာပဲတိုက်လေယာဉ်ကပတ်နေတယ် ဒီဖက် မှာတော့မပစ်ဘူး တစ်ချက်တော့တုန်သွားတယ်ဝေးတော့ကောင်း ကောင်းမကြားရဘူး”လို့သူက ပြောပါတယ်။
နိုဝင်ဘာလ(၁၇)ရက်နေ့ ညနေပိုင်းအချိန်မှာလည်း စစ်ကောင်စီတပ်ဘက်မှ ရိက္ခာ၊လက် နက်ခဲယမ်း၊လူအင်အားဖြည့်တင်းနေချိန်အနီးအနားကျေးရွာတွေဘက်ပါ လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့်ချောင်းနှစ်ခွတံတားပျက်စီးသွာခဲ့တယ်လို့ ချောင်းနှစ်ခွကျေးရွာသား တစ်ဦးကပြောပါတယ်။
“ကျွန်တော်တို့လည်းအ ခြေနေကြားသလောက်ကတော့ ရိက္ခာလာချရင်းပစ်ကူပေးရင်းနဲ့ တောက်လျှောက်ပစ်ရင်းနဲ့ ရွာပတ်လည်ကိုပစ်သွားတဲ့အချိန်မှာ တံတားရဲ့ အစပ်ကို ထိပြီးတော့ ပြိုသွားတယ်လို့ပြောတယ်တံတားကိုကလေယာဉ်ထိတယ်လို့ပဲကြားတယ်ကျွန်တော်တို့လည်း”လို့သူကပြောပါတယ်။
ဒါ့အပြင်အခုလက်ရှိအချိန်မှာလည်း KNLAပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ချောင်းနှစ်ခွတံတားကို ထိန်းသိမ်းထားပြီးနောက်တိုက်ပွဲတွေလည်းဆက်လက်ဖြစ်ပွားနေပြီး KNLAပူပေါင်းဒရုန်းဖွဲ့တွေ အနေနဲ့လည်းစစ်ကောင်စီတပ်စစ်ကြောင်းတွေကိုဖြတ်တိုက်တာ၊စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကိုဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေဆက်တိုက်လုပ်ဆောင်နေသလိုစစ်ကောင်စီတပ်ဘက်လည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်တာလေယာဉ်နဲ့ ဗုံကြဲတိုက်ခိုက်တာတွေဆက်ရှိနေတယ်လို့ Cloud Wingsဒရုန်းတပ်ဖွဲ့မှတာဝန်ခံကိုငြိမ်းကဆိုပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလ(၁၆)ရက်နေ့ညနေ (၄)နာရီဝန်းကျင်အချိန်မှာစစ်ကောင်စီတပ်ကလက်နက်ကြီး နဲ့ပစ် ခတ်ခဲ့တာကြောင့်မီးသွေးကုန်းကျေးရွာအနီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဆိတ်ကျောင်းနေတဲ့ အသက်(၂၂)နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့ ကလေးငယ်တစ်ဦး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့ ပါသေးတယ်။
ချောင်းနှစ်ခွကျေးရွာအနီး(၉)ရက်တာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကလေယာဉ်နဲ့ဗုံးကြဲတာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် ကလေးငယ်(၂)ဦးသေဆုံးခဲ့တဲ့အပြင် ဒဏ်ရာရသူတွေလည်း ရှိနေသလို နေအိမ်(၇)လုံးထပ်မနည်းမီးလောင်ပျက်စီးခဲ့ပြီး ကျေးရွာပေါင်း၅ရွာလောက်ကဒေသခံ (၄၀၀၀)ဝန်းကျင်လောက်ကစစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ် တွေရဲ့ ပြောပြချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Cj
Phar Si Than (People’s Radio Myanmar)