ကျုံဒိုးအင်းကြီးရွာဘက် စစ်ကြောင်းထိုးနေတဲ့ ‌‌‌‌‌‌‌‌‌စစ်ကော်မရှင်တပ်တွေကို KNLA မဟာမိတ်ပူးပေါင်းတပ်တွေဖြတ်တောက်တိုက်ခိုက်လို့ အကျအဆုံးများနေ

ကျုံဒိုးအင်းကြီးရွာဘက် စစ်ကြောင်းထိုးနေတဲ့ ‌‌‌‌‌‌‌‌‌စစ်ကော်မရှင်တပ်တွေကို KNLA မဟာမိတ်ပူးပေါင်းတပ်တွေဖြတ်တောက်တိုက်ခိုက်လို့ အကျအဆုံးများနေ

By − People’s Radio Myanmar 

Date – September 1, 2025

ကရင်ပြည်နယ်ကျုံဒိုးမြို့အခြေစိုက် ခြေမြန်တပ်ရင်းခမရ ၅၄၅၊ ၅၄၆တပ်က ကျေးရွာချင်းဆက်လမ်းပိုင်းအသုံးပြုပြီး ကော့ကရိတ်မြို့အရောက် နယ်မြေရှင်းစစ်ကြောင်းထိုးလာတာကို KNLA မဟာမိတ်တပ်တွေ အင်းကြီးကျေးရွာကနေဖြတ်ပြီး တိုက်ခိုက်နေလို့ အကျအဆုံးများနေတယ်လို့ ကျုံဒိုးKNLA စစ်ကြောင်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

အဲ့ဒီစစ်ကော်မရှင်တပ်ဟာ ဩဂုတ်လ ၂၅ ရက်ကနေ ကျုံဒိုးကနေ ကျေးရွာတွေကို နယ်မြေရှင်းပြီး လမ်းကင်းချကာ ကျေးရွာတိုင်းမှာတပ်စွဲပြီး နယ်မြေထိမ်းချုပ်ဖို့ စစ်ကြောင်းထွက်လာတာကို KNLA မဟာမိတ်တပ်တွေအင်းကြီးရွာကနေဖြတ်တောက်တိုက်ခိုက်နေတာ ဩဂုတ်လ ၃၁ ရက်အထိရှိနေတာပါ။

” အင်းကြီးတိုက်ပွဲကရက်ကြာနေပြီ ၊ သူတို့စကစ တပ်တွေဖောက်ထွက်မရသေးဘူး၊ ရွာကတော့စုတ်ပြတ်နေပြီ၊ ကျုံဒိုးကနေ ဟောင်းဝှစ်ဇာနဲ့ပစ်၊ မစ်ဇိုင်းနဲ့ပစ်၊ ဒရုန်းနဲ့ကြဲချနေတာ မြေပြင်က စကစကောင်တွေကတော့တက်လာလိုက်လန်ကျလိုက်ပြန်ဆုတ်လိုက်ဘဲ၊ သေတာထိတာတွေကိုဂျိုင်းဘက်၊ ဖားအံပြန်သယ်နေရတယ်” ဟု KNLAမဟာမိတ်တပ်ဖွဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

အခုလိုစစ်ကော်မရှင်စစ်ကြောင်းက စစ်သားတွေ ထိခိုက်ကျဆုံးပြီး တပ်လှန့်ပြန်ဆုတ်နေရလို့ ကျုံဒိုးစစ်တပ်အမြှောက်ပစ်နေရာတွေနဲ့ စကခ ၁၂ တပ်ရင်းဌာနချုပ်နေရာတွေကပါ ကျုံဒိုး၊ ကော့ကရိတ်ဒေသကျေးရွာတွေကို ဒီကနေ့စက်တင်ဘာ၁ရက်နေ့အထိ လက်နက်ကြီးပစ်ခတ်ပြီး တိုက်ခိုက်နေပါတယ်။

အဲ့ဒီအပြင် စစ်ကော်မရှင် အရှေ့ တောင်တိုင်းစစ်ဌာနချုပ်က တိုင်းမှူးကိုယ်တိုင် KNLA မဟာမိတ်တပ်တွေ ထိန်းချုပ်သိမ်းပိုက်ထားတဲ့ ကျုံဒိုး၊ ကော့ကရိတ်၊ အာရှလမ်း၊ သင်္ဃာန်းညီနောင်၊ မြဝတီနယ်စပ်အထိပြန်ပြီးထိန်းချုပ်နိုင်ဖို့ စစ်ဆင်ရေးကွပ်ကဲရန်အတွက် စကခ ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (ကော့ကရိတ်)ကိုရောက်နေတယ်လို့ စစ်ကော်မရှင်တပ်နဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *