အကြမ်းဖက်စစ်တပ်က အာရှလမ်းမ ပြန်ရရေး အင်အားအလုံးအရင်းနဲ့ စစ်ဆင်လို့ KNLA မဟာမိတ်တပ်တွေ နဲ့ တိုက်ပွဲ ၄ နေရာမှာ ပြင်းထန်နေ

အကြမ်းဖက်စစ်တပ်က အာရှလမ်းမ ပြန်ရရေး အင်အားအလုံးအရင်းနဲ့ စစ်ဆင်လို့ KNLA မဟာမိတ်တပ်တွေ နဲ့ တိုက်ပွဲ ၄ နေရာမှာ ပြင်းထန်နေ

_

By − People’s Radio Myanmar
Date – September 2, 2025

ကရင်ပြည်နယ်အတွင်းက အာရှလမ်းပိုင်း မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းမကြီးအား စစ်ဆင်သိမ်းပိုက်ရန်အင်အား အလုံးအရင်းနဲ့ တိုက်ခိုက်လာတာကို KNLA မဟာမိတ်တပ်တွေ ဖြတ်တောက်တိုက်ခိုက်လို့ ကျုံဒိုး၊ ကော့ကရိတ်နဲ့ အာရှလမ်းပိုင်းမှာ တိုက်ပွဲ ၄ နေရာလောက်ထိတွေ့တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတယ်လို့ စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ညက၁၁နာရီလောက်ကစပြီး ညဘက်လက်နက်ကြီး၊ မစ်ဇိုင်းတွေနဲ့ စစ်ဆင် ရေးစတိုက်တယ်၊ မနေ့ကတစ်နေ့လုံး UAV နဲ့ ကင်းထောက်နေတယ်၊ ညကျတော့ စပစ်ထုတ်တော့တာဘဲ ၊ ရန်ကုတ်ဘက်၊ အာရှလမ်းဘက်၊ အင်းကြီးဘက်နဲ့ မြဝတီသင်္ဃာန်းညီနောင်တုံးတံတားရွာဘက်အထိပါ နှစ်ဖက်ညှပ် စစ်ကြောင်းတွေနဲ့ တိုက်ပွဲပြင်းနေတယ်” လို ကော့ကရိတ်စစ်ရေးသတင်းအရင်းအမြစ်ကပြောပါတယ်။

အခုစစ်ဆင်ရေးကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ကစပြီး အရှေ့ တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကိုယ်တိုင် စကခ ၁၂ (ကော့ကရိတ်)စစ်ဌာနချုပ်မှ အာရှလမ်းစစ်ဆင်ရေးကို ဦးစီးအမိန့်ပေးကွပ်ကဲနေတယ်လို့သိရပါတယ်။

လက်ရှိအချိန်အထိ အကြမ်းဖက်စစ်ကာင်စီတပ်တွေ ကျုံဒိုးအင်းကြီးဘက်တိုက်ပွဲအတွင်း အကျအဆုံးများနေသလို၊ ကော့ကရိတ် တတန်ကူးလမ်းပိုင်း၊တောနော်တောင်ကြောနေရာများတွင်လည်း ထိခိုက်ကျဆုံးမှုတွေရှိနေပြီး KNLA မဟာမိတ်တပ်ဖွဲ့တွေဘက်မှာလည်း အကြမ်းဖက်စစ်တပ်ဒရုန်းဗုံးချလို့ အထိအခိုက်အကျအဆုံးတွေရှိနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *