
ဧပြီလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ စစ်အာဏာသိမ်းမှုကို လျစ်လျူရှုပြီး လူငယ်ဘောလုံးပွဲတွေဆက်တိုက် ကျင်းပနေတယ်လို့ မော်လမြိုင်မြို့ ဒေသခံတွေဆီက သိရပါတယ်။
မွန်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌကနေပြီး (၂၁ နှစ်အောက်) လူငယ်တွေကို အသက်အရွယ်အလိုက် အသင်း ၁၆ သင်း နဲ့ ပြည်ထောင်စုနေ့ဖလား၊ အပျော်တမ်းဖလား၊ လွတ်လပ်ရေးနေ့ဖလား၊ မြို့နယ်အဆင့်၊ ပြည်နယ်အဆင့် လူငယ်ပွဲစဉ်တွေကို ကိုဗစ်ကာလအပြီးမှာ ဆက်တိုက်ဆိုသလိုကျင်းပနေတယ်လို့လဲ ဘောလုံးနည်းပြတစ်ဦးက People’s Radio Myanmar ကိုပြောပါတယ်။
“ မော်လမြိုင်က တော်တော်များများက နိုင်ငံရေးကို စိတ်မဝင်စားကြဘူး ကျွန်တော်ကတော့ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ရပ်ထားတာ စစ်အာဏာရှင်ကျင်းပနေတဲ့ ဘောလုံးပွဲထက် လက်ရှိဖြစ်နေတဲ့ အခင်းအကျင်းကို စိတ်ဝင်စားဖို့၊ ဒီအချိန်မှာ လူငယ်တွေတက်တက်ကြွကြွနဲ့ ပါဝင်မှ ဒီကိစ္စက အမြန်ပြီးမှာ တော်လှန်ရေးမှာပါဝင်ကြဖို့ လိုပါတယ်” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မွန်ပြည်နယ်ကို ဘောလုံးပွဲတင်သာမကဘဲ အပန်းဖြေနေရာအများအပြားကိုလည်း တွင်တွင်ကျယ်ကျယ်ဖော်ဆောင်ကာ ပြုလုပ်နေကြောင်းကိုလဲ မော်လမြိုင်မြို့နယ်နေမှာနေထိုင်တဲ့ ကိုသူရိန်က ပြောပါတယ်။
“ စကစ က လူငယ်တွေကို သူ့ဘက်ပါစေချင်တာပေါ့ ဒါက အားကစားတော့ဟုတ်ပေမယ့် အားကစားကို အားကစားလို မလုပ်ဘူး အဖြစ်ပေါ့ နိုင်ငံရေးအရ အသုံးချနေတာပေါ့ လူငယ်တွေကို” လို့ သူကဆိုပါတယ်။
Mon State Football Federation အဖွဲ့ဟာ မွန်၊ ကရင်၊ တနင်္သာရီဘက်က လူငယ်တွေကိုလည်း ဘောလုံးစွမ်းရည်ဖော်ထုတ်ပေးမယ်ဆိုပြီး ဖိတ်ခေါ်နေတာတွေရှိတယ်လို့လည်း သိရပါတယ်။
သတင်း- Naw Drizzle
ပုံ- လူမှုကွန်ရက်