တစ်လနီးပါးကြာတဲ့အထိ စစ်‌‌ေရှာင်‌ေနရတဲ့ ကျေးရွာ (၅) ရွာက ပြည်သူတွေအတွက် အကူအညီများလိုအပ်နေ

ဧပြီလ ၁၂ရက် ၂၀၂၄ခုနှစ်

 

ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းရွာအပါအဝင်အနီးအနား  ကျေးရွာ(၅)ရွာလောက်က ဒေသခံပြည်သူတွေတစ်လနီးပါးကြာတဲ့အထိ နေရပ်မပြန်နိုင်ဘဲ စစ်ရှောင်နေရတဲ့အတွက် အကူအညီများလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေရဲ့ပြောပြချက်အရသိပါတယ်။

စစ်ရှောင်နေရတဲ့ ဒေသခံ(၆၀၀၀) ဝန်းကျင်လောက်ဟာ မတ်လ ၁၃ရက်နေ့လောက်ကတည်းက ကျေးရွာအတွင်းကို စစ်ကောင်စီတပ်က လေကြောင်းက နေဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကျေးရွာအတွင်းမနေထိုင်ရဲတော့ဘဲ ဘေးလွတ်ရာတောတောင်တွေနဲ့ ဆွေမျိုးတွေရှိရာနေရာတွေမှာ သွားရောက်နေထိုင်နေကြရပြီး အချိန်ကြာလာတာနဲ့အမျှ နေထိုင်စားသောက်ရေးအတွက် အကူအညီပေးမှုတွေလဲ လိုအပ်လာတယ်လို့ ဆိုပါတယ်။

“အိမ်ထောင်စု၁၀၀၀ကျော်တယ်။ ရှောင်တာတွေကလည်းနေရာအတည်တကျမရှိဘူး ရွာမှာကလေယာဉ်လည်း ကြဲလက်နက်ကြီးလည်းကျစစ်ရှောင်တွေအတွက်လိုအပ်တာကတော့အားလုံးတူတူချည်းပါပဲ”လို့သူကပြောပါတယ်။

ဒါ့အပြင် ဧပြီလ ဒုတိယအပတ်အထိ အနန်းကွင်းကျေးရွာတစ်ဝိုက်ကိုလည်း စစ်ကောင်စီတပ်ဘက်က လေယာဉ်လာရောက်ဝဲပျံတာ ေတွေလည်းရှိသလို မကြာခဏလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ်မီးလောင်တာမျိုးတွေလည်းရှိခဲ့တယ်လို့ တံခွန်တိုင်ကျေးရွာနေအမျိုးသမီးတစ်ဦးကဆိုပါတယ်။

“လေယာဉ်တွေကပစ်လားမပစ်လားတော့သေချာမသိရဘူးနည်းနည်းဝေးတော့တနေ့ကဆိုလည်းလေယာဉ်လာတယ်လေယာဉ်လာကြဲလို့အိမ်မီးလောင်ထားတာတွေလည်းရှိတယ်အများစုကတော့ကြေကုန်ပြီ”လို့သူကဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၅ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားတာတွေမရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်နဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက်၂၀ အရွယ်အမျိုးသမီးတစ်ဦးလည်ပင်းဗုံးစထိမှန်သေဆုံးခဲ့ပါသေးတယ်။

 

သတင်း-နော်ဖူးဖူး

ပုံ-Cj

Phar Si Than (People’s Radio Myanmar)