
ဖေဖော်ဝါရီလ ၆ရက်၊ ၂၀၂၄ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အခြေစိုက်ကျားဖြူစစ်ကြောင်း Justtice Soldier PDFအဖွဲ့မှ အပတ်စဉ် ၈ သင်တန်းသားခေါ်ယူနေပြီး မြို့တွင်းစစ်ဆင်ရေး ၊ စခန်းသိမ်းတိုက်ပွဲတွေ တိုးမြှင့်ဖော်ဆောင်နိုင်ရေးနဲ့ နယ်မြေစိုးမိုးရေးတွေကို အရှိန်အဟုန်မြင့်လုပ်ဆောင်နိုင်ဖို့အတွက် သင်တန်းသားခေါ်ယူရခြင်းဖြစ်တယ်လို့ တာဝန်ရှိသူတွေဆီကနေသိရပါတယ်။
သင်တန်းသားတွေကို အသက် ၁၈နှစ်အရွယ်ကနေ ၃၅ နှစ်အထိအသက်အရွယ်ကန့်သတ် ထားကားသင်တန်းကာလကို ၂လကျော်အထိသတ်မှတ်ထားပြီး သင်တန်းကာလအတွင်း အခြေခံစစ်ပညာ၊ တောတွင်းနေထိုင်နည်းနဲ့ မြို့တွင်းစခန်းသိမ်းစစ်ဗျူဟာပညာတွေကို သင်ကြားပေးသွားမှာဖြစ်တယ်လို့ ကျားဖြူစစ်ကြောင်း၊တပ်ခွဲ ၅ Justice Soldier PDFမှ တပ်စု(၁)တပ်စုမှူးရဲဘော် သောမတ်ကပြောပါတယ်။
“အသက်အရွယ်ကသာမာန်အားဖြင့်ဆိုရင် အသက်အရွယ်ကန့်သတ်ထားတာရှိတယ် ၃၀အ ထက်ဖြစ်တဲ့ ၃၅၊၃၂လောက်ဖြစ်တယ်ဆိုလည်းသူရဲ့စိတ်နေသဘောထားပေါ်မှာမူတည် ပြီးတော့စီစစ်ပြီးခေါ်ယူမှာသူတ်ို့ရဲ့တတ်မြောက်နိုင်စွမ်းနဲ့စစ်ဆင်ရေးသဘောတရားကိုနားလည်းနိုင်စွမ်းမှာတစ်လခွဲကနေနှစ်လလောက်နေပြီးတော့မှထားထားတယ် သင်တန်းသား အရေအတွက် ကိုကန့်သတ်ထားတာမရှိဘူး၊အခြေခံစစ်ပညာတေွ သင်ကြားပေးမယ်၊ တောတွင်းနေထိုင်နည်းနဲ့မြို့တွင်းစခန်းသိမ်းစစ်ဗျူဟာတွေလေ့ကျင့်သင်ကြားပေးမယ် ပြီးတာနဲ့တစ်ပြိုင်ထဲရှေ့တန်းမှာနေရာယူထားတဲ့operationသဘောမျိုးနဲ့မြေပြင်မှာပြန်ဖြန့်မှာ”လို့သူကပြောပါတယ်။
သင်တန်းအတွင်းတက်ရောက်လိုသူတွေမှာလည်းကျန်းမာရေးကောင်းမွန်သူ၊တော်လှန်ရေးကိုတကယ်စိတ်ဝင်စားသူ၊အမိန့်တာဝန်ကိုနာခံလိုစိတ်ရှိသူရှိသူဖြစ်ရမှာလည်းဖြစ်ပါတယ်။သင်တန်းကာလအတွင်းစာတွေ့ကောလက်တွေ့ပါသင်ကြားပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
“စိတ်ဓာတ်ပြင်းထန်တဲ့သူတွေကိုများစွာကြိုဆိုတယ် အဲ့လောက်ထိမှမပြင်းထန်ဘူးဆိုရင် လည်းဒီကနေလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ ၊စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာကောသင်တန်းမှာ အပြည့်အဝသင်ကြားပေးမှာဖြစ်တယ် Justice Sokdier PDF ခေါ်ယူတဲ့သင်တန်းမှာဆိုရင် ကျားဖြူစစ်ကြောင်းရဲ့တပ်ခွဲ၅၊၆ တပ်ခွဲနှစ်ခွဲတာဝန်ယူထားတာရှိတယ်တပ်ခွဲ နှစ်ခွဲကလည်း မြေပြင်မှာအခြေစိုက်တယ်၊ကော့ကရိတ်မှာဆိုလည်း ထဲထဲဝင်ဝင်ဆောင်ရွက်တယ် စာတွေ့နဲ့လက်တွေ့နဲ့ပါတပါထဲပူးပေါင်ဆောင်ရွက်တာဖြစ်တဲ့အတွက်ရဲဘော်သစ်တွေများများလိုချင်တယ်”လို့ဆိုပါတယ်။
ကျားဖြူစစ်ကြောင်း Justice Soldier PDF မှသင်ကြားပေးတဲ့ သင်တန်းတွေမှာတော့ နယ်မြေအခြေအနေအရအမျိုးသမီးတွေနေထိုင်ရေးအတွက်အဆင်မပြေတာကြောင့် အမျိုးသမီးသင်တန်းသားခေါ်ယူတာမျိုးမရှိပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလမှာတော့သင်တန်း အပတ်စဉ် ၇ ပြီးမြှောက်ခဲ့တာဖြစ်ပြီး ပြီးမြှောက်ပြီးသားသင်တန်းကိုလည်း ဝါသနာပါရာချေမှုန်းရေးဆိုင်ရာ၊ဆေးဘက်ဆိုင်ရာ ၊ရုံးလုပ်ငန်းတွေနဲ့ ဒရုန်းတပ်ဖွဲ့တွေစတဲ့ဝါသနာပါရာ ကဏ္ဍပြန်လည်တာဝန်ထမ်းဆောင်နေတယ်လို့ တာဝန်ရှိသူတွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ပုံ – Justice Soldier PDF
Phar Si Than (People’s Radio Myanmar)