
ဖေဖော်ဝါရီလ ၃ရက်၊ ၂၀၂၄ခုနှစ်
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့၊အမှတ်(၅) တောင်သူဂျောင်ရှိ အရပ်သားပြည်သူနေ အိမ်၅လုံး ရှို့မီးကြောင့်ထပ်မံမီးလောင်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဖေဖော်ဝါရီလ၂ရက်နေ့နက်၁၀နာရီဝန်းကျင်အချိန်မှာ အမှတ်(၅)တောင်သူဂျောင်မှာရှိ အရပ်သားပြည်သူတွေရဲ့နေအိမ်ရှို့မီးကြောင့်နေအိမ်၅လုံးထပ်မံထပ်မံမီးလောင်မီးလောင် ခဲ့ပြီး ရပ်ကွက်အတွင်းပြန်လည်နေထိုင်သူတွေကပြန်လည်မီးငြိမ်းသတ်ခဲ့ရတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“အစ်မတို့ရပ်ကွက်တောင်သူဂျောင်မှာ အိမ်၅လုံးမီးလောင်တယ် မနေ့ကဘယ်လိုကနေ ဘယ်လိုလောင်လည်းတော့မသိဘူးရှို့မီးလို့တော့ပြောကြတယ်၊မြို့ထဲမှာပြန်နေတဲ့သူတွေက်တွေကတော့ရှိတယ်လေ အစ်မတို့ရပ်ကွက်မှာတော့တိုက်ပွဲဖြစ်တယ်လို့တော့မကြားဘူး မီးကတော့ရပ်ကွက်ထဲပြန်နေတဲ့သူတွေငြိမ်းလို့ပြန်ငြိမ်းသွားတာ”လို့သူကပြောပါတယ်။
အခုလက်ရှိအချိန်မှာတော့ကော့ကရိတ်မြို့နယ်စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ထိုးစစ်ဆင်နေတာတွေရှိနေသလို ကော့ကရိတ်မြို့ရဲ့၃ပုံ၂ပုံလောက်ကိုလည်း KNLAပူးပေါင်းတပ်ဖွဲ့တွေမှ ခြေကုပ်ယူထားနိုင်ပြီဖြစ်တယ်လို့ ကျားဖြူစစ်ကြောင်း၊တပ်ခွ၅ မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။
“တော်လှန်ရေးအင်အားစုတွေဖက်ကတော့ စိုးမိုးထားတဲ့နယ်မြေတွေကို အခိုင်အမာခြေကုပ်ယူထားပါတယ် ကော့ကရိတ်မြို့ရဲ့၃ပုံ၂ပုံကိုလည်းခြေကုပ်ယူထားနိုင်ပါပြီ စကစဘက်ကတော့ပြန်လည်ထိုးစစ်ဆင်နေတာတွေတော့ရှိတယ် တစ်လက်မမှတော့ ပြန်ဆုတ်ပေးရတာမျိုးမရှိသေးဘူးပေါ့ရထားတဲ့နေရာထပ်ပိုတိုးလာနိုင်တာပဲရှိတယ်”လို့သူကဆိုပါတယ်။
ဒီနေ့ဖေဖော်ဝါရီလ ၃ရက်နေ့မှာတော့ပစ်ခတ်သံတွေမကြားရတော့ပေမဲ့ ကော့ကရိတ်မြို့ရှိ ခလရ(၉၇)တပ်ရင်းနဲ့ စကခ (၁၂)တို့ကနေ ကော့ကရိတ်မြို့နေရာအနှံ့အပြားကို လက်နက်ကြီးတွေနဲ့နေ့တိုင်းပစ်ခတ်နေတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ရက်နေ့နဲ့ ၃၀ရက်နေ့တုန်းကလည်း စစ်ကောင်စီတပ်နဲ့KNLAပူးပေါင်းတပ်တို့နှစ်ထပ်ထိတွေ့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကာ အမှတ်(၇) ရပ်ကွက်ကနေအိမ်၂လုံးထပ်မံမီးလောင်ခဲ့သေးတယ်လို့ လို့KNLAသတင်းအရင်းအမြစ်တွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Social Media Platform
Phar Si Than(People’s Radio Myanmar)