စုံနံ့သာရွာမှာဈေးလာဝယ်တဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တိုက်ခိုက်ခံရလို့ ၃ဦးသေဆုံး

ဇန်နဝါရီလ ၂၄ရက်၊ ၂၀၂၄ခုနှစ်

 

မွန်ပြည်နယ်၊ရေးမြို့နယ်၊စုံနံ့သာရွာမှာဈေးလာဝယ်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံခဲ့တာကြောင့် နေရာတင်၃ဦးပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဒေသ ခံတွေဆီကနေသိရပါတယ်။

ဒီနေ့ဇန်နဝါရီလ ၂၄ရက်နေ့မနက် ၆နာရီ၃၀မိနစ်အချိန်လောက်မှာ ခံသင်းတံတားစောင့်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာစုံနံ့သာရွာမှာဈေးလာဝယ်ချိန်ကျေးရွာအဝင်နားကဘောလုံးကွင်းအနီးမှာ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာကကြောင့်တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးနဲ့ တပ်သား နှစ်ဦးနေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ကျေးရွာသားတစ်ဦးကပြောပါတယ်။

“ဖြစ်တာကစုံနံ့သာရွာဘောလုံးကွင်းအနားမှာပါစာသင်ကျောင်းနဲ့လည်းနီးတယ်  စစ်တပ်လက်အောက်ခံပြည်သူ့ စစ်တပ်ဖွဲ့ကတပ်ဖွဲ့ခေါင်းဆောင်နဲ့  တပ်သား၂ဦးပေါင်း၃ဦးစုံနံ့သာရွာကို ဈေးဝယ်ထွက် လာတဲ့ကားကို တော်လှန်ရေးအဖွဲ့ကချေမှုန်းလိုက်တာနေရာမှာပဲပွဲချင်းပြီး ၃ယောက်စလုံးသေသွားတာပါသူတို့ဘက်ပစ်ချိန်တောင်မရဘူး တော်လှန်ရေးအဖွဲ့ကပစ်ပြီးအေးအေးဆေးဆေးပဲဆုတ်သွားတာ”လို့သူကပြောပါတယ်။

မနက်၁၁နာရီဝန်းကျင်အချိန်မှာတော့ စစ်တပ်ဘက်မှအလောင်းတွေကို လာရောက်သယ် ဆောင်ပြီး အလောင်းလာသယ်ချိန်မှာလည်း သေနတ်ပစ်ဖောက်တာတွေလုပ်ဆောင်ခဲ့သလို ကျေးရွာအပြင်မှားပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် ဒေသခံထိခိုက်တာမျိုးမရှိဘူးလို့ ဆိုပါတယ်။

“သူတို့အလောင်းလာကောက်တဲ့အချိန်မှာတော်လှန်ရေးတပ်ဖွဲ့တွေကမရှိတော့ဘူး တပ်ဘက်ကအလောင်းလာကောက်တော့လက်နက်ဖောက်ပြီးလာကောက်သွားတယ် အခုကရွာပြင်မှာဖြစ်တာဆိုတော့ ထိခိုက်တာမျိုးမှရှိပါဘူး  အခုကလက်နက်ကြီး ပစ်တာတွေမရှိသေးပါဘူး စောင့်ကြည့်ရဦးမယ်ထင်တယ်လို့”ဆိုပါတယ်။

ဒီနေ့ဇန်နဝါ၂၄ရက်နေ့ မနက်အစောပိုင်းအချိန်ပိုင်းအချိန်မှာစစ်တပ်လက်အောက်ခံ ပြည့်သူ့စစ်တပ်ဖွဲ့ဝင်တွေကိုခံသင်းတံတားဂိတ်ကနေကားနဲ့ထွက်လာချိန်ရေးဘီလူးအဖွဲ့ကလမ်းပိုင်းတစ်နေရာမှာဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်AKနှစ်လက်၊79တစ်လက်၊ကျည်ဘောက်နဲ့ကျည်ဆံတွေလည်းသိမ်ဆည်းရမိခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကပြောပါတယ်။

ဒါ့အပြင်ဇန်နဝါရီလ ၂၀ရက်နေ့ကနေစပြီး ဇန်နဝါရီလ၂၃ရက်နေ့အထိကို ရေးမြို့နယ်အတွင်းမှာရှိတဲ့စစ်တပ်တွေကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် အနီးအနားကျေးရွာတွေမှာလက်နက်ကြီးကြီးကျရေက်ပေါက်ကွဲတာမျိုးရှိပေမဲ့ ဒေသခံထိခိုက်တာမျိူးတော့မှရှိသေးပါဘူး။

အခုဇန်နဝါရီလ တစ်လအတွင်းမှာပဲ ရေးမြို့မှာတိုက်ပွဲပေါင်း၅ကြိမ်ထပ်မနည်းဖြစ်ပေါ် နေသလို စစ်တပ်တပ်စွဲထားတဲ့စစ်ဆေးရေးဂိတ်တွေ၊တပ်စွဲထားတဲ့နေရာတွေနဲ့ စစ်ကြောင်းယာဉ်တန်းတွေတိုက်ခိုက်ခဲ့ရတာကြောင့်စစ်သား၁၀ဦးထပ်မနည်းသေဆုံးနေပြီး မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်အတွင်းမှာလည်းတိုက်ပွဲဖြစ်တာ၊စစ်တပ်တပ်စွဲထားတာကြောင့်ဒေသခံ၂သောင်းဝန်းကျင်ဟာလည်းနေရပ်ပြန်လို့မရသေးပဲစစ်ဘေးဆက်လက်တိမ်းရှောင်နေရတယ်လို့ဒေသခံတွေရဲ့ပြောစကားအရသိရပါတယ်။

 

သတင်း – နော်ဖူးဖူး

 

ပုံ – Cj

 

Phar Si Than (People’s Radio Myanmar)