
ဇန်နဝါရီလ ၂၃ရက်၊ ၂၀၂၄ခုနှစ်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊အောင်ယုတောင်ရွာအနီးရှိစစ်ကောင်စီတပ်ရဲ့ ခမရ (၃၄၃)တပ်ရင်းကနေ အနီးအနားကျေးရွာတွေဘက်ကိုလက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဇန်နဝါရီလ ၂၂ရက်နေ့ နေ့လည်၂နာရီဝန်းကျင်အချိန်ကနေစပြီးဒီနေ့ ဇန်နဝါရီလ ၂၃ရက်နေ့ မနက်၉နာရီဝန်းကျင်အချိန်ထိကို စစ်ကောင်စီတပ်ရဲ့ ခမရ(၃၄၃)တပ်ရင်းကနေ လက်ကြီးနဲ့ အကြောင်းမဲ့ပစ်ခတ်နေတာကြောင့် ကွမ်ဒူးရွာနဲ့ အာယုတောင်ရွာ အနီးတစ်ဝိုက်မှာ လက်နက်ကြီးပေါက်ကွဲတာမျိုးရှိပေမဲ့ ထိခိုက်ဒဏ်ရာရရှိတာမျိုးတော့မရှိဘူးလို့ ရေးမြို့ခံတစ်ဦးက ပြောပါတယ်။
“မနေ့ကနေ့လည်၂နာရီလောက်ကတည်းကခုချိန်ထိပစ်နေတာ ညကလည်း ၃၄၃အာယုတောင် တပ်မှာ လက်နက်ကြီးတွေပဲထုနေတာထိခိုက်တာတော့မကြားရသေးဘူး ကွမ်းဒူးရွာနဲ့ အာယုတောင်ရွာအနီးအနားတစ်ဝိုက်မှာ လက်နက်ကြီးတွေကျတာ စစ်တပ်ကရမ်းသမ်း လိုက်ပစ်နေတာ ၁၀ချက်မနည်းဘူး” လို့ သူကပြောပါတယ်။
ရေးမြို့နယ်အတွင်းမှာရှိတဲ့ စစ်တပ်ကောင်စီတပ်တွေကတွေနေ့ရောညပါ လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်နေတာကြောင့် အသွားအလာလူနည်းပါးနေသလို ကျောင်းသူကျောင်းသားတွေအတွက်လည်း စိုးရိမ်ရတယ်လို့ လမိုင်းကျေးရွာနေအမျိုးသားတစ်ဦးက ဆိုပါတယ်။
“အခုပဲလက်နက်ကြီးသံကြားရတယ် တစ်ချက်ကနည်းတဲ့အသံကြီးဟုတ်ဘူး ဒါပေမဲ့ဘယ်ဘက်ကိုထုနေလည်းမသိဘူး ညတုန်းကလည်းကွမ်ဒူးဘက်မှာ ထုနေတယ်လို့ကြားတယ် ကွမ်ဒူးဆိုတာကြိုးတံတားအလွန်ပေါ့ ရေးဆင်းတဲ့လမ်းမပေါ် မှာပဲရှိတာအခုလက်ရှိအခြေအနေကတခြားလူတွေအတွက်ဆိုပြဿနာမရှိဘူးပေါ့နော်ဒါ့ပေမဲ့ကျောင်းတက်နေတဲ့ကလေးတွေကလေးမိဘတွေကတော့တိုင်ပတ်မှာလူအသွားအလာကတော့ပါးတာပေါ့ ”လို့သူက ဇန်နဝါရီလ ၂၂ရက်နေ့ကပြောပါတယ်။
အခုလို စစ်ကောင်စီတပ်ကရေးမြို့နယ်အတွင်းနေ့ရောညပါ လက်နက်ကြီးပစ်ခတ်နေတာဟာ သူတို့ရဲ့ စစ်ကောင်စီတပ်စခန်းတွေတိုက်ခိုက်ခံရမှာကိုစိုးရိမ်တာကြောင့်ဖြစ်သလို ကာကွယ်ရေးတပ်ဖွဲ့တွေ ပြည်သူတွေကူညီတာမျိုးမပြုလုပ်အောင်သတိပေးတဲ့အနေနဲ့ ယူဆရတယ်လို့ စစ်ရေးနယ်မြေ သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဇန်နဝါရီလ၂၀ရက်နေ့တုန်းကလည်းမော့ကနင်ကျေးရွာအနီးရှိစစ်ကောင်စီတပ်လက်အောက်ခံ ကြိုးတံတားစစ်ဆေးရေးဂိတ်ကို နယ်မြေခံတော်လှန်ရေးအင်အားစုသွားရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်မှ၁၀ဦးထပ်မနည်းထိခိုက်သေဆုံးသလိုလမ်းသွားလမ်းလာ အရပ်သားပြည်းသူ၅ဦးလောက် လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒီနေ့ဇန်နဝါရီလ၂၃ရက်နေ့ထိကိုလည်းကြိုးတံတားစစ်ဆေးရေးဂိတ်မှာ ပြန်လည်ဖွင့်လွှင့်တာမျိုးမရှိဘူးလို့ဆိုပါတယ်။
မွန်ပြည်နယ်၊ရေးမြို့နယ်မှာ အခုဇန်နဝါရီလတစ်လအတွင်း တိုက်ပွဲငယ်တွေနေ့တိုင်းနီးပါးဖြစ် ပွားနေသလို စစ်တပ်ဘက်မှလည်း ၁၀ဦးထပ်မနည်းသေဆုံးနေတဲ့ ပြီးခဲ့တဲ့နိုဝင်လနဲ့ ဒီဇင်ဘာလတွေတုန်းကလည်း မွန်ပြည်နယ်အတွင်းကကျိုက်မရောမြို့နယ်အတွင်းတိုက်ပွဲ ဖြစ်ပွားတာတွေကြောင့် ဒေသခံတွေမှာစစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ပြောစကားအရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ပုံ – Cj
Phar Si Than (People’s Radio Myanmar)