
ဒီဇင်ဘာလ ၃၀ရက်၊ ၂၀၂၃ခုနှစ်
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်ကKNLAပူးပေါင်းတပ်ဖွဲ့တွေတစ်လကျော်ကြာ ထိန်းချုပ်ထားတဲ့ ချောင်းနှစ်ခွကျေးရွာကို စစ်ကောင်စီတပ်ကပြန်လည်သိမ်ပိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒီဇင်ဘာလ၂၉ရက်နေ့မနက်အစောပိုင်းမှာ စစ်တပ်ဘက်က ချောင်းနှစ်ခွကျေးရွာကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် အချိန်တော်တော်ကြာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အခုလက်ရှိအချိန်မှာတော့ စစ်တပ်က ချောင်းနှစ်ခွကျေးရွာကိုပြန်လည်သိမ်းပိုက်လိုက်ကာ နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်နေတယ်လို့ ချောင်းနှစ်ခွကျေးရွာသားတစ်ဦးက ပြောပါတယ်။
“မနက်ကစပြီးစစ်ကြောင်းဝင်ပြီးတော့စစ်ကူရောက်ပြီးတော့ခွေးတွေကျောင်းသားအဖွဲ့တွေနဲ့PDFအဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပြီးတော့သူတို့ပြန်ပြီးတော့ထိန်းချုပ်လိုက်ပြီချောင်းနှစ်ခွတစ်ကြောကိုတော့သူတို့ကနယ်မြေပြန်ပြီးရှင်လင်းပြီးတော့အင်အားတော့များတယ်၂၀၀၊၃၀၀လောက်ှရှိတယ်ခန့်မှန်းပေါ့အများကြီးဝင်လာပြီးတော့စခန်းထဲကနေစစ်ကူယူပြီးတော့တစ်ရွာလုံးကိုပြန်ပြီးတော့သူတို့ပြန်ထိန်းချုပ်လိုက်ပြီ”လို့သူကပြောပါတယ်။
ဒါ့အပြင်ကျေးရွာအတွင်းမှာလည်း စစ်တပ်က အထိုင်ပြန်ချထားတာ၊ နယ်မြေရှင်းလင်းတာ၊ တံတားပျက်စီးတာနဲ့ တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေတာကြောင့်ကျေးရွာဒေသခံတွေမှာ ရွာအတွင်းပြန်လို့မရသေးဘူးလို့ဆိုပါတယ်။
“ ရွာထဲကတော့တော်ရုံပြန်ဝင်လို့မရလောက်ဘူးစစ်ကြောင်းထိုင်တာနဲ့ တံတားလည်းပြိုတယ် သူတို့နယ်မြေရှင်းလင်းတာနဲ့ဆိုတော့ပြောတော့ပြောမတတ်သေးဘူးစောင့်ကြည့်ရမယ် လောလောဆယ်တော့ဝင်မရသေးဘူး တိုက်ပွဲတွေဖြစ်နေတယ် PDFဘက်ကဆုတ်တယ်ဆိုတော့ သူတို့ကလိုက်ပြီးတော့ သူတို့ကအနောက်ကနေလိုက်ပစ်နေတဲ့ပုံစံမျိုး စခန်းထဲကကောင်တွေတောင် ထွက်ပြီးလိုက်ပစ်နေတယ်လို့ကြားတယ်”လို့ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေချိန်အတွင်းမှာလည်း စစ်တပ်ကဒရုန်းဗုံးကြဲတိုက်ခိုက်တာတွေလုပ် ဆောင်ခဲ့သလိုချောင်းနှစ်ခွကျေးရွာအတွင်းမှာလည်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့တောင်ကလေးကျေးရွာသားတစ်ဦးကပြောပါတယ်။
“မနေ့ကချောင်းနှစ်ခွမှာအခြေနေတော်တော်ဆိုးနေတယ် မနေ့ကပြန်ချနေတဲ့တပ်ဖွဲ့တွေ ဆုတ်သွားရတယ်စကစဘက်ကလည်းဒရုန်းသုံးနေတာ”လို့ ပြောပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်နေ့ကတည်းက စစ်တပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ မယ်တရို၊ ဖက်တေးကုန်းနဲ့ ကျောက်ကွဲဘက်တွေမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြတာလည်းဖြစ်ပါတယ်။
ချောင်းနှစ်ခွကျေးရွာအတွင်းတိုက်ပွဲဖြစ်ပွားတာ၊စစ်တပ်ကလက်နက်ကြီးနဲ့ပစ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ချောင်းနှစ်ခွကျေးရွာအပါအဝင်အနီးအနားကျေးရွာက ဒေသခံ တစ်သောင်းကျော်စစ်ဘေးတိမ်းရှောင်တေကြရပြီး ဒေသခံသေဆုံးမှုတွေလည်းရှိခဲ့သလို နေအိမ်အလုံး၅၀ကျော်လောက် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသတွင်းအရပ်ဖက်ကူညီပေးနေသူတွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Cj
Phar Si Than (People’s Radio Myanmar)