ချောင်းနှစ်ခွကျေးရွာအတွင်းစစ်တပ်က ၃ရက်ဆက်တိုက်ဂျက်ဖိုက်တာနဲ့လာရောက်ပစ်ခတ်

ဒီဇင်ဘာလ ၂၆ရက်၊ ၂၀၂၃ခုနှစ်

 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာမှာ စစ်ကောင်စီတပ်ဘက်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ၃ရက်ဆက်တိုက်လာရောက်ပစ်ခတ်ခဲ့ကာ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေလည်းဖြစ်ပွားခဲ့သေးတယ်လို့သိရပါတယ်။

 

ဒီဇင်ဘာလ၂၂ရက်နေ့ကနေ ၂၄ရက်နေ့ထိကို စစ်တိုက်ကဂျက်ဖိုက်တာလေယာဉ်နဲ့ ၃ရက်ဆက်တိုက်လာရောက်ပစ်ခတ်ခဲ့တာကြောင့် ချောင်းနှစ်ခွကျေးရွာမွန်စုစာသင်ကျောင်းအနီးက နေအိမ်၈လုံးလောက်ထပ်မံမီးလောင်ခဲ့ပါတယ်။

 

ဒါ့အပြင်ဒီဇင်ဘာလ၂၂ရက်နေ့ မနက်၄နာရီအချိန်ကနေ ၈နာရီဝန်းကျင်လောက်ထိကို နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပေထိခိုက်ဒဏ်ရာရရှိတာနဲ့ပတ်သက်ပြီးတော့ မသိရှိရသေးဘူးလို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။

 

“ရွာဘက်အခြေအနေကသုံးရက်ဆက်တိုက်ဂျက်ဖိုက်တာနဲ့လာပစ်တာအိ မ်တော်တော်များများမီးလောင်တယ်၇လုံး၈လုံးလောက်ထပ်လောင်တယ်ကြားတယ် မနေ့ကတော့၃ရက်ဆက် တိုက်ထိဂျက်ဖိုက်တာတော့လာပစ်တယ် ၂၂၊ ၂၃၊ ၂၄ပေါ့ဒီနေ့တော့မသိဘူး အဲ့ဒီ၂၂ရက်နေ့ကတော့ မနက်၄နာရီကနေ၇နာရီ၈နာရီလောက်ထိ ဖြစ်တယ်အိမ်တွေကတော့ ချောင်းနှစ်ခွမွန်စု စာသင်ကျောင်းအနီးအဲ့ရွာထဲမှာလည်း ဘယ်ကောင်တက်ခိုးလို့ခိုးမှန်းလည်းမသိဘူး အိမ်တိုင်းလိုလိုပဲပစ္စည်းအကောင်းတွေပစ္စည်းမှန်သမျှအကုန်ဖောက်ခံထိတယ်ဖုန်းဆိုင်တွေဆိုလည်းဘာပစ္စည်းမှမကျန်အိမ်တွေဆိုလည်းဘာပစ္စည်းမှမကျန်အကုန်သမခံထိထားတယ်ဒီအနီးအနားမှာပဲလောင်တာ၇လုံးလောက်ပေါ့ ပြီးတော့ချောင်း နှစ်ခွမွန်ပိုင်းရေတွင်းကုန်းက အိမ်တစ်လုံး နောက်ဆုံးရက်လာပစ်တုန်းကထပ်လောင်တယ်”လို့သူကပြောပါတယ်။

 

အခုလိုချောင်းနှစ်ခွကျေးရွာအတွင်းကနေအိမ်အများစုကတန်ဖိုးကြီးပစ္စည်းတွေမှာလည်း ဖောက်ထွင်းခံထားရသလို ရွာအတွင်းမှာရှိတဲ့ဖုန်းဆိုင်ကပစ္စည်းတွေလည်း အကုန်ဖောက် ထွင်းခံထိထားတယ်လို့ဆိုပါတယ်။

 

ဒီဇင်ဘာလ၂၂ရက်နေ့မှာ ချောင်းနှစ်ခွကျေးရွာအတွင်းတိုက်ပွဲဖြစ်ပွားတာကြောင့် စစ်တပ်ရဲ့တောင်ကလေးစခန်းကနေ လက်နက်ကြီးတွေနဲ့အတော်တော်ကြာ ကြာပစ်ခတ်ခဲ့သလိုလက်နက်ငယ်သံတွေလည်းကြားနေရတယ်လို့ တောင်က လေးကျေးရွာကဒေသခံတွေကပြောပါတယ်။

 

ချောင်းနှစ်ခွကျေးရွာအတွင်းတိုက်ပွဲဖြစ်ပွားနေတာမှာတစ်လကျော်ကြာမြင့်နေပြီးစစ်တပ်ကလက်နက်ကြီးနဲ့ပစ်တာလေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့်ချောင်းနှစ်ခွရွာကနေအိမ်အလုံး၅၀လောက်မီးလောင်ကာပေါလောကျေးရွာနဲ့ မိကသစ်ကျေးရွာကဦးဇင်းတစ်ပါးနဲ့ကလေး၂ဦးသေဆုံးကာ ဒေသခံ၄၀၀၀ကျော်ဟာလည်းစစ်ဘေးဆက်လက်တိမ်းရှောင်နေတယ်လို့ ဒေသတွင်းအရပ်ဖက်လူမှုကူညီပေးနေသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

 

သတင်း-နော်ဖူးဖူး

ပုံ-Cj

Phar Si Than (People’s Radio Myanmar )