
ဒီဇင်ဘာလ ၂၂ရက်၊၂၀၂၃ခုနှစ်
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နဲ့ မြဝတီ−ကော့ကရိတ်အာရှလမ်းအနီးမှာ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ထို့ကော်ကိုးလမ်းပိုင်းကို အသုံးပြုနေရပြီးမြဝတီမြို့ကို ခရီးသွားလာတဲ့အခါ ခရီးစရိတ်တွေလည်းမြင့်တက်နေ တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီဇင်ဘာလ၁ရက်နေ့ကနေစပြီး ကော့ကရိတ်မြို့မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကာ မြဝတီ−ကော့ကရိတ်အာရှလမ်းကိုလည်းပိတ်ထားတာကြောင့်ထို့ကော်ကိုးလမ်းပိုင်းကို အသုံးပြုနေကြပြီး အရင်ကဘားအံကနေမြဝတီကိုသွားတဲ့အခါမှာ (၃၀၀၀၀) ကျပ်သာပေးရပေမဲ့ အခုချိန်မှာတော့(၆၀၀၀၀) ကျပ်ထိပေးဆောင်နေရတယ်လို့ ခရီးသွားတစ်ဦးကပြောပါတယ်။
“အရင်ကတော့(၃၀၀၀၀)သောင်းပဲပေးရတယ် အခုကားခက (၆၀၀၀၀) အသွားအပန်လမ်းအခြေအနေ ကတော့(၄)နာရီလောက်ကြာတယ်တစ်ခါတစ်လေ (၅)နာရီကြာတယ် လမ်းကတော့ တော်တော်ကြမ်းတယ်ဒါပေမဲ့ဟိုတစ်ခါ တောင်ပေါ်လမ်းလိုတော့မကြာဘူး အခုကမြန်တော့မြန်တယ် ဖုန်များတာတစ်ခုပဲ”လို့ သူကပြောပါတယ်။
မြဝတီကနေ ဘားအံကိုခရီးသွားလာတဲ့အခါမှာတော့ကားခကို (၇၀၀၀၀) ကျပ်နဲ့လက် မှတ်ရောင်းချပေးနေပြီးထိုးကော်ကိုးလမ်းပိုင်းမှာလည်း ခရီးသည်တင်ယာဉ်ကားအသေးနဲ့ (၆)ဘီးကားတေွသာသွားလို့ရသလို ယာဉ်လိုင်းအများစုကလည်းခရီးသည်မပါပဲ ကုန်ပစ္စည်းတင်ဆောင်တာမျိုးကိုမပြုလုပ်ဘူးလို့ ယာဉ်မောင်းတွေကဆိုပါတယ်။
“မြဝတီနဲ့ဘားအံဆိုတော့ကားလေးတွေပဲသွားလို့ရတာကားလေးတွေဆိုတော့တစ်ယောက်စာကို (၇၀၀၀၀)ရောင်းတယ်ခေါင်းခန်းလည်းဈေးတူတူပဲ နောက်ခန်းလည်းဈေးတူတူပဲ ခေါင်းခန်းစီးချင်ရင်တော့ကြိုပြောပေးပေါ့ ပစ္စည်းဆိုရင်တော့အမျိုးအစားအရွယ်အစား အလိုက်ကြည့်ပြီးတော့ယူတာပေါ့”လို့သူကပြောပါတယ်။
နောက်ထပ်ယာဉ်မောင်းတစ်ဦးကလည်း “ မြဝတီကနေ ရန်ကုန်ဆိုရင်(၇၀၀၀၀)ပါ အဓိကကတော့မှတ်ပုံတင်ပါရင်အကုန်ပြီးတယ်ပစ္စည်းပဲဆိုရင်တော့အဆင်မပြေဘူးလမ်းမှာအစစ်ဆေးရှိတဲ့အခါကျတော့တစ်ခါတစ်လေကျရင်သူတို့နုတ်ယူတာတွေဘာတွေရှိတယ်သူတို့ကြိုက်တဲ့ပစ္စည်းဆိုရင် (၃)ခါလောက်ရှိပြီ ပစ္စည်းယူခံလိုက်ရတာပြန်လျှော်ရတာ လူပါရင်တော့ကြိုက်တာတင်လို့ ရတယ်သူတို့ရှေ့ယူသွားတာဆိုတော့လေ”လို့သူကပြောပါတယ်။
ဒါ့အပြင် ထို့ကော်ကိုးလမ်းပိုင်းအတွင်းမှာလည်းစစ်တပ်၊ နယ်ခြားစောင့်တပ်BGF၊ အပစ်ရပ် DKBAအဖွဲ့အစည်းနဲ့PCအဖွဲ့တွေကဂိတ်အထိုင်းချထာပြီးငွေကြေးကောက်ခံနေသလို အဲ့ဒီလမ်းပိုင်းအတွင်းမှာလည်း စစ်တပ်ရဲ့ရိက္ခာတွေကိုထောက်ပို့လုပ်ဆောင်နေတာလည်းရှိတယ်လို့ စစ်ရေးတယ်မြေသတင်းအရင်းမြစ်တွေဆီကနေသိရပါတယ်။
ထို့ကော်ကိုးလမ်းမှာ အဖွဲ့အစည်းဂိတ်ပေါင်း၄၀ဝန်းကျင်ရှိကာ ဒီဇင်ဘာလ ၁၈ရက်နေ့မှာတော့ အဆင်းတစ်ရက်အတက်တစ်ရက်သတ်မှတ်လိုက်ပေမဲ့လည်းလမ်းခရီးကြမ်းတာတွေကြောင့် ယာဉ်တိမ်းမှောက်တာတွေလည်းဆက်ရှိနေတာလည်းဖြစ်ပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Cj
Phar Si Than (People’s Radio Myanmar)