
ဒီဇင်ဘာလ ၅ရက်၊ ၂၀၂၃ခုနှစ်
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊မရမ်းချောင်ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ယာဉ်တန်းကို KNLAပူးပေါင်းတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား(၅)ဦး သေဆုံးခဲ့တယ်လို့ Kyaikhto Revolution Force ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
ဒီဇင်ဘာလ ၄ရက်နေ့ နေ့လည် ၃နာရီ ၅၀မိနစ်ဝန်းကျင်အချိန်မှာ ဘီးလင်းကနေရန်ကုန် ဘက်ကို ထွက်လာတဲ့ တပ်မ−(၄၄)ရဲ့စစ်ကောင်စီယာဉ်တန်းကို KNLAပူးပေါင်းတပ်ဖွဲ့က လက်လုပ်မိုင်းကြီး(၂)လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်သား(၅)ဦးသေဆုံးပြီး (၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KRFမှသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမော်ကွန်း ကပြောပါတယ်။
“ဘီးလင်းဘက်ကနေ ရန်ကုန်ဘက်ကိုထွက်လာတဲ့ တပ်မ(၄၄) ဘတ်တံဆိပ်တွေဝတ်ထားတဲ့ စစ်သားတွေလည်းပါတာပေါ့ယာဉ်တန်း(၇)စီးကို ကြိုတင်သတင်းရထားတဲ့အတွက်စောင့်ကြို ပြီးတော့မိုင်းဆွဲတိုက်ခိုက်တာလက်လုပ်မိုင်းကြီး(၂)လုံးနဲ့ (၃)စီးမြောယာဉ်ကညာဘက်ခြမ်းတစ် ခြမ်းလုံးထိခိုက်ပျက်စီးသွားတယ်ထိခိုက်သွားတဲ့ယာဉ်ပေါ်က(၃)ပွင့်နဲ့အရာရှိတစ်ဦးအပါ(၅)ဦးနေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့တပ်တွင်းသတင်းအရင်းမြစ်အရသိရတယ်ဒဏ်ရာရတဲ့သူ(၆)ဦးထိရှိတယ်အဲ့တာတွေကို သူတို့ကားပေါ်ကနေချပြီးတော့ တခြားကားနဲ့သယ်သွား တယ်”လို့သူကပြောပါတယ်။
ဒါ့အပြင်ကျိုက်ထိုမြို့မှာညပိုင်းအချိန်တုန်းကလည်း စစ်ကောင်စီဘက်က လက်နက်ကြီး(၃)လုံး လောက်ပစ်ခတ်ခဲ့ပြီး စစ်တပ်ယာဉ်တန်းတွေသွားလာတဲ့အချိန်မျိုးမှာဆိုရင်လည်း KNLAပူးပေါင်းတပ်ဖွဲ့တွေမိုင်းဆွဲမှာကိုစိုးရိမ်ပြီး လမ်းပိုင်းတစ်လျှောက်ကျေးရွာတွေကို လက်နက်ကြီးပစ်တာတွေရှိတယ်လို့ ကျိုက်ထိုမြို့ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“ညကပစ်တာတော့ (၃)လုံးလောက်ပဲပစ်တာပါ ဘယ်ကနေပစ်မှန်းလည်းတော့ မသိလိုက်ဘူး သူတို့ထိခိုက်ရင်ထိခိုက်သလိုတော့ရမ်းပစ်တယ် ကားတန်းတွေဖြတ်ဖို့ရှိတာတို့ဆိုရင်လည်း ရွာတွေကိုလက်နက်ကြီးနဲ့ပစ်ချတာမျိုးတွေရှိတယ်သူတို့မိုင်းဆွဲခံရမှာကြောက်ပြီးအနားမကပ် အောင် စစ်တပ်ဘက်ကအခုနောက်ပိုင်းစစ်ဆေးတာတွေတော့သိပ်မရှိဘူး”လို့သူက ပြောပါတယ်။
အနီးအနားကျေးရွာသာတစ်ဦးကလည်း “အဲ့မှာဂိတ်ရှိတယ် ဘယ်အချိန်ဖြစ်သွားလည်းတော့ မသိလိုက်ရဘူး ရွာဘက်မှာတော့လခဏခဏဖြစ်တယ်သံတံတားမှာကနေ့တိုင်းလိုပဲပစ်တင်နေတာ သူတို့ပါသူတို့ပစ်နေတာ ညကလည်းပစ်တယ် ပစ်နေတာကလည်းမကြာခဏပဲ အချိန်မရှိအခါမရှိလည်း ပစ်နေတာပဲ”လို့သူကပြောပါတယ်။
စစ်ကောင်စီတပ်ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်တောင်းတံတားဂိတ်နဲ့ မုပ္ပလင်လမ်းဆုံဂိတ်ကနေ လက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ KNLAပူးပေါင်းတပ်ဖွဲ့ တွေဘက်မှတစ်စုံတစ်ရာထိခိုက်ဒဏ်ရာရရှိတာမျိုးမရှိဘူးလို့ဆိုပါတယ်။
ဒီဇင်ဘာလ ၃ရက်နေ့မနက်ပိုင်းအချိန်တုန်းကလည်းကျိုက်ထိုမြို့ မုပ္ပလင်လမ်းဆုံမှာရှိတဲ့ ရဲဂိတ်ကို KNLAပူးပေါင်းတပ်ဖွဲ့(၆၀) မမလက်နက်ကြီးတွေနဲ့ရောဒရုန်းနဲ့ပါဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ တာကြောင့်ရဲတပ်ဖွဲ့ဝင်၃ဦးသေဆုံးခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလနဲ့ အခုဒီဇင်ဘာလ နှစ်လအတွင်းမွန်ပြည်နယ်ကျိုက်မရောမြို့နယ် အတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့နှစ်ဖက်တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဆွဲထားတဲ့နေရာတွေနဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေကို KNLAပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်တာ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် စစ်ကောင်စီတပ်သားအများအပြားသေဆုံးနေတယ်လို့ နယ်မြေခံသတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ပုံ – Cj
Phar Si Than(People’s Radio Myanmar)