ကျိုက်မရောမြို့နယ်အတွင်းကကျေးရွာတွေထဲကိုစစ်ကောင်စီတပ်ကလက်နက်ကြီးတွေ၊လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့်နေအိမ်အများအပြားထိခိုက်ပျက်စီး

နိုဝင်ဘာလ ၁၄ရက်၊ ၂၀၂၃ခုနှစ်

 

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်အတွင်းကကျေးရွာတွေဘက်ကိုစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တာလေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ကျေးရွာအတွင်းကနေ အိမ်တွေအများအပြား ထိခိုက်ပျက်စီးတာတွေရှိနေတယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။

နိုဝင်ဘာလ (၁၀)ရက်နေ့ကနေ (၁၃)ရက်နေ့ထိကို ချောင်းနှစ်ခွကျေးရွာနဲ့တောင်ကလေးကျေးရွာလမ်း ပိုင်းအတွင်းနှစ်ဖက်တိုက်ပွဲဖြစ်ပွာခဲ့ပြီး စစ်ကောင်စီတပ်ကပါလက်နက်ကြီးနဲ့ ပစ်ခတ်တာလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် တောင်ကလေးကျေးရွာ နေအိမ်၂လုံးပျက်စီးခဲ့တဲ့အပြင် မယ်တရိုကျေးရွာမှာလည်း နေအိမ်အများအပြားထိခိုက်ပျက်စီးတာတွေရှိပေမဲ့ ဒီနေ့နိုဝင်ဘာ လ(၁၄)ရက်နေ့ထိကိုလက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့် ထိခိုက်ပျက်စီးသွားတဲ့အရေအတွက် ပမာဏကိုတော့အတိအကျမသိရှိရသေးဘူးလို့တောင်ကလေးကျေးရွာကဒေသခံတစ်ဦးက ပြောပါတယ်။

“တောင်ကလေးမှာတော့(၂)အိမ်ပဲထိတယ်စခန်းနဲ့ သိပ်မလှမ်းတဲ့အိမ်တွေမယ်တရိုရွာဟောင်းတော့ အိမ်တွေအတော်ပျက်စီးမီးလောင်သွားတယ် ခုထိအိမ်ခြေဘယ်လောက်ထိခိုက်တာမသိရသေးဘူးရွာမှာ ကျန်ခဲ့တဲ့သူတွေပြောတာတော်တော်များတယ်တဲ့သူတို့လည်အပြင်ထွက်ကြည့်လို့အဆင်မပြေသေးဘူးအခုကတစ်နာရီခြားတစ်ခါနာရီဝက်တစ်ခါပစ်နေတော့ ကျထားတဲ့ နေရာတွေမသွားရဲဘူး တစ်ခါတစ်လေအဲ့နေရာထပ်ကျတာတို့ရှိတယ်ထပ်ပစ်တော့သွားပြီးမကြည့်ရဲဘူး”လို့ သူကပြောပါတယ်။

ဒါ့အပြင်ချောင်းနှစ်ခွကျေးရွာအတွင်းမှာလည်းမှာလည်း စစ်ကောင်စီတပ်ကလက်နက်ကြီးက လက်နက်ကြီးနဲ့ပစ်ခတ်တာလေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့်ကျေးရွာအတွင်း ကနေအိမ်အများစုမီးလောင်ပျက်စီးနေသလိုရွာတွင်းရှိဈေးတန်းတစ်ချို့လည်းမီးလောင်ပျက်စီးတာတွေရှိနေတယ်လို့ကျေးရွာသားတစ်ဦးကပြောပါတယ်။

“တစ်ရွာလုံးနီးပါးပဲလောင်နေတာ ကိုယ့်အိမ်တွေလလည်းလောင်လားမလောင်လားမသိဘူး လောာင်တာကတော့တော်တော်များများပဲဈေးလည်းပါတယ်ဈေးကတော့အပေါ်လောက်ပဲ လောင်မှာပေါ့ ဈေးဘေးကအိမ်တွေကတော့ ကုန်မှာပေါ့ လေယာဉ်နဲ့ ပစ်သွားတာပဲ အနီးကပ်လည်းသွားကြည့်မရဘူး ရွာမှာတစ်ချို့ရွာမှာ ကျန်တဲ့သူလည်းရှိတယ်”လို့သူကပြောပါတယ်။

အခုလက်ရှိအချိန်ကျေးရွာအတွင်းမှာစစ်ကောင်စီတပ်နဲ့KNLAပူးပေါင်းတပ်ဖွဲ့တို့နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားတာမျိုးမရှိတော့ပေမဲ့မုဒုံမြို့အမြှောက်တပ်ကနေလက်လက်နက်ကြီးတွေနဲ့ဆက်လက်ပစ်ခတ်နေသလို နိုဝင်ဘာလ (၁၃)ရက်နေ့ ညပိုင်းအချိန်မှာတော့ ကဒါကျေးရွာကတပ်စခန်းမှာ စစ်ကောင်စီတပ်သားတွေ အင်အားဖြည့်တင်းထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလ(၁၃)ရက်နေ့တုန်းကလည်းစစ်ကောင်စီတပ်ကMi(35)ရဟတ်ယာဉ်နဲ့ ပစ်ခတ် ခဲ့တဲ့အပြင် ဂျက်ဖိုက်တာလေယာဉ်နဲ့ကျေးရွာတွေကိုပစ်ခတ်ခဲ့ပြီးတောင်ကလေးရဲ စခန်းက နေစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်ပေါလောကျေးရွာကလေးငယ်(၂)ဦး လက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့ပြီးချောင်းနှစ်ခွ၊တောင်ကလေး၊ပေါလော၊ဖက်တေးကုန်းနဲ့ မယ်တရိုကျေးရွာ က ဒေသခံထောင်နဲ့ ချီဟာလည်းမုံဒုံမြို့နယ်တွေဘက်မှာ သွားရောက်တိမ်းရှောင်နေတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

 

သတင်း-နော်ဖူးဖူး

ပုံ – Cj

Phar Si Than (People’s Radio Myanmar)