USDP ပါတီက ဦးဆောင်ကာ ရွေးကောက်ပွဲဝင်မည့် ပါတီတချို့ သတင်းစာရှင်းလင်းပွဲပြုလုပ်

 USDP ပါတီက ဦးဆောင်ကာ ရွေးကောက်ပွဲဝင်မည့် ပါတီတချို့ သတင်းစာရှင်းလင်းပွဲပြုလုပ်

_

By – ဂိုဘီလင်း
Date- August 14, 2025

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ Sky Star Hotel တွင် ယမန်‌နေ့ ဩဂုတ်လ ၁၄ရက်၌ “ရွေးကောက်ပွဲသည် ပြည်သူ့အတွက်”ခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲတစ်ခုကို ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ( USDP ) ၏ ဥက္ကဋ္ဌဖြစ်သူ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ(၃) ဦးမျိုးဇော်သိန်းနှင့် ဦးလှသိန်း (ပါတီ၏ပြောရေးဆိုခွင့်ရှိသူ)တို့နှင့်အတူ ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအေးမောင်၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီမှ ဒေါ်စိုးစိုးမြင့် (နာယက)၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ် ပါတီ၏ဥက္ကဋ္ဌဖြစ်သူ ဦးသိန်းကြည်၊ မြန်မာ့တောင်သူလယ်သမား ဖွံဖြိုးတိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌ ဦးကျော်စွာစိုး စသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားခံရသူများ တက်ရောက်ကြောင်း သတင်းရရှိသည်။

လာမည့် နှစ်ကုန်ပိုင်းတွင် စစ်ကောင်စီက ကြီးမှူးပြုလုပ်မည့် ရွေးကောက်ပွဲ၏ လုံခြုံရေးနှင့်ပတ်သက်သော ကိစ္စရပ်များ၊ အသုံးပြုမည့် ရွေးကောက်ပွဲစနစ်များအကြောင်း အစရှိသဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပုံစာ – နေပြည်တော်၊ပျဥ်းမနားမြိုနယ်ပါတီရုံးတွင် မဲဆွယ်စည်းရုံးနေသော ပြည်ထောင်စုနယ်မြေပါတီ ဥက္ကဌဖြစ်သူ ဦးလှဆွေ (ခ) ဘူးလက်လှဆွေ။

Leave a Reply

Your email address will not be published. Required fields are marked *