ချောင်းတောင်တံတားစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့တိုက်ခိုက်လို့ ၄ ဦးသေဆုံး

ဇွန်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင်တံတား စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့ ဝင်ရောက်တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၂၂ ရက်နေ့ မနက် ၁၀ နာဝန်းကျင်အချိန်မှာ ချောင်းတောင်တံတားမှာရှိတဲ့ စကခ ၁၉ လက်အောက်ခံ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ရေးဘီးလူးအဖွဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၄ ဦးသေဆုံးကာ ဒဏ်ရာရရှိသူတွေလဲရှိတယ်လို့ ရေဘီလူးအဖွဲ့မှ တာဝန်ရှိသူကပြောပါတယ်။

“စစ်ဆေးရေးဂိတ်ကိုကျွန်တော်တို့ဝင်ပစ်တယ် ဂိတ်ထဲမှာအကုန်လုံး ၈ ဦးရှိတယ် ၄ ဦးကိုတော့ ပိုင်ပိုင်နိုင်နိုင်ပစ်နိုင်ခဲ့တယ် ကျန်တဲ့ ၄ ဦးကျတော့ ဒဏ်ရာရပြီးကျန်ခဲ့တယ် သေနတ်တွေကို​တော့ ကောက်မခင်ဘူး ကျွန်တော်တို့ဆုတ်လမ်းကိုတော့ အကောင်းဆုံးဆုတ်ခွာနိုင်ခဲ့တယ် ဘာထိခိုက်မှုမှ မရှိခဲ့ဘူး ပစ်ခတ်ချိန်ကတော့ ၁၀ မိနစ်လောက်ရှိခဲ့တယ်” လို့ ပြောပါတယ်။

အခုလိုချောင်းတောင်စစ်ဆေးရေးဂိတ်ကိုတိုက်ခိုက်တာဟာ စစ်ဆေးဂိတ်ကို ဖြတ်သန်းသွားလာတဲ့ ဒေသခံပြည်သူတွေကို အတင်းအဓမ္မငွေကြေးတောင်းခံတာ၊ ခြံလုပ်ငန်းလုပ်ကိုင်သူတွေရဲ့ အသီးအနှံတွေကိုယူဆောင်တာ၊ မသင်္ကာတဲ့အခါမှာစစ်ဆေးမေးမြန်း ပါးရိုက်တာတွေ လုပ်ဆောင်တာ ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လမိုင်းမြို့၊ မော့ကနင်ကျေးရွာနဲ့ နှစ်ကရင်ကျေးရွာတွေမှာ မတရားငွေကြေးတောင်ခံကာ မှတ်ပုံတင်ပြုလုပ်ပေးနေတဲ့ လဝက ဦးစီးမှူးဟောင်းရဲ့ ဇနီးဖြစ်သူကိုလည်း ဇွန်လ ၂၂ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်အချိန်မှာ သူနေထိုင်တဲ့ လမိုင်းမြို့က ဝန်ထမ်းအိမ်ယာမှာသွားရောက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ရေးဘီလူးအဖွဲ့ကတာဝန်ရှိသူကပြောပါတယ်။

“အခုလိုဖြစ်စဥ်နဲ့ပတ်သက်ပြီးဒေသခံပြည်သူတစ်ဦးကတော့”ပစ်တာကိုတော့ကြားတယ် ဘယ်သူလဲ ဆိုတာပဲမသိတာ” လို့သူကပြောပါတယ်။

ရေးဘီလူးအဖွဲ့ ချောင်းတောင်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့မှ ရေးမြို့နယ်ရှိလမ်းတွေကိုလိုက်လံပိတ်ဆို့နေတယ်ပြီး၊ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့မနက်ပိုင်းကလည်း KNLA ၊PDF တွေလုံးခြုံရေးယူထားတဲ့ မော်လမြိုင်-ရေး-ထားဝယ် အမှတ်၈ လမ်းမကြီးကို စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။

သတင်း – နော်ဖူးဖူး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)