
အောက်တိုဘာလ ၂၁ရက်၊ ၂၀၂၃ခုနှစ်
မွန်ပြည်နယ်၊ရေးမြို့နယ်က ကျုံလောင်းရွာအနီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်မှ သုံးပွင့်ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား၂၅ဦးသေဆုံးခဲ့ပြီး လက်နက်တွေလည်းအများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၀ရက်နေ့ မနက်၆ နာရီ ၄၅မိနစ်ဝန်းကျင်အချိန်မှာ အင်အား၃၀လောက်နဲ့တပ်စွဲထားတဲ့ ရေးတံတားကြီးစစ်ဆေးရေးကို နယ်မြေခံတော်လှန်ရေးအင်အားစုဘက်မှ သွားရောက်တိုက်ခိုက်ခဲ့ရာ ၁နာရီအကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြန်ဆုတ်လာတဲ့အချိန်မှာလည်း စစ်ကောင်စီတပ်ရဲ့ခလရ ၁၀၆ကအင်အား၃၀လောက်နဲ့ကျုံလောင်ရွာအနီးမှာကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်၂နာရီကျော်ကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်ဘက်မှ သုံးပွင့်ဗိုလ်အပါအဝင် လက်နက်ခဲယမ်းတွေလည်း အများအပြားသေဆုံးခဲ့တယ်လို့ ရေပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်ရန်ပိုင်ကပြောပါတယ်။
“ဒီနေ့မနက်၆နာရီကနေ၁၀နာရီထိပေါ့အဓိကကတော့ တံတားကြီးကို သွားပစ်တာသွားပစ်တဲ့အချိန်မှာလည်း ပစ်နေစဉ်မှာလည်း တစ်ပြိုင်ပဲ ၆၁နဲ့၁၉နဲ့ကို လက်နက်ကြီးထုထည့်တယ် ကိုယ်တွေဘက်ကသွားထုတ်တာတံတားကြီးမှာပစ်ခတ်ပြီးတော့ ဘာမှသိမ်းဆည်းရမိတာတော့မရှိပါဘူး သတ်မှတ်ချိန်ကျော်လို့ ပြန်ဆုတ်တာပဲ ပြန်ဆုတ်လာတော့စပ်ကြားနယ်မြေမှာ ပစ်ခတ်မှုဖြစ်တယ် စကစကနေပြီးတော့ လက်ဦးမှုနဲ့ပစ်တယ်စပစ်တော့ကိုယ်တွေဘက်ကလည်း၂ယောက်လောက်စိုးရိမ်ဒဏ်ရာရတဲ့အနေအထားမှာသူတို့ဘက်ကတော့အခုလက်ရှိရထားတဲ့ လက်နက်တွေအကုန်လုံး အဲ့ဒီစပ်ကြားနယ်မြေမှာရထားတာအဲ့ဒီလက်နက်ရတဲ့ပွဲမှာ၂၅ကောင်လောက်သေတယ် တံတားကြီးနဲ့၆၁၊၁၉ကတော့မသိရသေးဘူး”လို့ သူကပြောပါတယ်။
အခုလိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ RPGကျည်၅လုံး ၊ ပို့ယမ်း၄လုံး၊အီနာဂါဗုံးသီး ၁၉ လုံး၊၆၀မမစိန်ပြောင်းအတိုတစ်လက်၊လက်ပစ်ဗုံး၄လုံး၊ရှေ့ထွက်မိုင်း၁လုံး၊နင်းမိုင်း၄လုံး၊ စက်လက်ကျည်ဘောက်၁ခု၊5.56ကျည်ဘောက် ၃၄ခု9mmကျည်၁၈တောင့်5.56ကျည်၁၃၆၇တောင့်၊ဖုန်း၇လုံး၊မှတ်ပုံတင်၁ခု၊ဆက်သွယ်ရေးစက် ၂လုံး၊Two way radio၃လုံး၊MA10/RPG-၁လက်၊ MA3-သေနတ် ၂လက်၊MA1 သေနတ်၁လက်၊MA2-သေနတ်၂လက် နဲ့ပစ္စတိုသေနတ် ၂ လက်တို့ သိမ်း ဆည်းရမိခဲ့တယ်လို့ သူကပြောပါတယ်။
အောက်တိုဘာလ၂၀ ရက်နေ့မနက်အစောပိုင်းရေးတံတားကြီးမှာ အချိန်တော်တော်ကြာ တိုက်ပွဲဖြစ် ပွားခဲ့သလိုညနေပိုင်အချိန်မှာလည်းစစ်ကောင်စီတပ်ရဲ့ အမြှောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဘက်မှ ရေးမြို့နယ်အတွင်း စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“ခုတော့အသံမကြားရတော့ဘူး ညနေကအမြှောက်တပ်ကနေ ပစ်သံ၄ ချက်တော့ကြားရတယ်
အခြေနေကတော့မကောင်းဘူးပေါ့မနက်ကတော့ချနေကြတာပဲတော်တော်ကြာတယ် တံတားကြီ:မှာကျုံလောင်ရွာဟောင်ဘက်လို့လည်းသတင်းကြားတယ်ပစ်ကြတာ တံတားကြီးနဲ့ကနီးတော့မနက်ကအတိုင်းသားကြားရတယ်တော်တော်ကြာတယ်ပစ်တာစစ်ဆေးတာကတော့ရှိတာပေါ့”လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလ၁၃ ရက်နေ့တုန်းကလည်း ရေးမြို့အခြေစိုက် စကခ ၁၉ တပ်ရင်းကို
စစ်ကောင်စီတပ်သားအင်အား၁၀၀လောက် ထပ်တိုးရောက်ရှိလာတယ်လို့ သတင်းရရှိတာကြောင့်နယ်မြေခံတော်လှန်ရေးအင်အားစုဘက်မှလက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဘက်မှ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
အခုလို တိုက်ပွဲအတွင်း YGF-ရေးပြောက်ကျားတပ်ဖွဲ့၊ဒေါနစစ်ကြောင်း၊ABSDFတပ်ရင်း၁ နဲ့မွန်ပြည်တော်လှန်ရေးတပ် MSRFတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလည်းဖြစ်ပါတယ်။
ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်လက်အောက်ခံ စစ်ဆေးရေးဂိတ်တွေ၊ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေစစ်ကောင်စီတပ်ယာဉ်တန်းတွေနဲ့စစ်ကောင်စီသတင်းပေးသူေတွေမှာမကြာခဏပစ်ခတ်ရှင်းလင်းခံရတာ၊လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာ ၊ကြားဖြတ်တိုက်ခိုက်ခံတာ ၊နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အောက်တိုဘာလတစ်လအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၀ ထပ်မနည်း ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ နယ်ေမြခံသတင်းအရင်းမြစ်တွေရဲ့ ပြောပြချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Cj
Phar Si Than (People’s Radio Myanmar)