
စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်
အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ကြသော မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံ သုံးနိုင်ငံက မြန်မာနိုင်ငံ၌ စစ်အစိုးရအနေဖြင့် အိမ်ရှင်အဖြစ် ဒီတစ်ပတ်အတွင်းလက်ခံကျင်းပသော ”အာဆီယံလေတပ်ဆိုင်ရာ ညီလာခံ”ကို ဆန့်ကျင်ကြောင်း နိုင်ငံဆိုင်ရာ သတင်းမီဒီယာများ၌ ဖော်ပြထားပါသည်သာမက စင်္ကာပူနိုင်ငံကလည်း တက်ရောက်ခဲ့ခြင်းမရှိကြောင်းသိရပါသည်၊၊
ထိုင်းတော်ဝင်လေတပ် (RTAF) ၏ လေတပ်မှူးသည် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာဆီယံလေတပ်ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်နေခဲ့သော်လည်း ၎င်း၏ အရှေ့တောင်အာရှနိုင်ငံရှိ လုပ်ဖော်ကိုင်ဖက် အများအပြားမှာ တက်ရောက်ခြင်းမရှိကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်က ၎င်း၏နိုင်ငံသားများအပေါ်အကြမ်းဖက်မှုအဆုံးသတ်ကာ 2021 ခုနှစ်တွင် သဘောတူညီထားသော အာဆီယံငြိမ်းချမ်းရေးအစီစဉ်ကို လိုက်နာခြင်းမရှိဘဲ လျစ်လျူရှုလျှက် ရှိနေဆဲဖြစ်ကြောင်းဖော်ပြထားသည်။မြန်မာနိုင်ငံအနေဖြင့်လည်း လွန်ခဲ့သော ၂နှစ်ကကျင်းပခဲ့သော အာဆီယံထိပ်သီးညီလာခံတွင် ပါဝင်နိုင်ခဲ့ခြင်းမရှိဘဲ ဖယ်ကြဉ်ခြင်းခံခဲ့ရဖူးသည်။
ယခုနှစ် အိမ်ရှင်အဖြစ်လက်ခံကျင်းပသောညီလာခံ၌ အဓိကထားဆွေးနွေးသည့်အကြောင်းရာခေါင်းစဉ်မှာ “ASEAN Air Forces’ Cooperation for a Sustainable Environment” ဖြစ်ပြီး ဆွေးနွေးပွဲအပြီးတွင် အာဆီယံနိုင်ငံများက အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့နောက် လာမည့် 2024 ၌ အလှည့်ကျ ကျင်းပမည့် အာဆီယံလေတပ်ညီလာခံကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ကမ္ဘောဒီးယားနိုင်ငံ လေတပ်ဉီးစီးချုပ်အား ယခုနှစ်အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော မြန်မာစစ်တပ်၏ ကာကွယ်ရေးဉီးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်က ဉက္ကဌတာဝန်လွဲပြောင်းပေးအပ်ခဲ့သည်။
ဗိုလ်ချုပ်ကြီးထွန်းအောင်သည် မြန်မာနိုင်ငံတွင်းဆိုင်ရာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ့အသက်ပေါင်းများစွာဆုံးရှုံးခဲ့သဖြင့် အမေရိကန်နှင့် ဗြိတိန်တို့က အရေးယူပိတ်ဆို့ခြင်းခံထားရသူဖြစ်ပါသည်။
Ref : Benar News
Photo : Bangkok Post