မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ဒေါနတောင်ပေါ်(လမ်းဟောင်း)မှာကုန်ကားပေါင်း ရာနဲ့ချီပိတ်မိနေ

ဇွန်လ ၂၆ ရက်နေ့ ၂၀၂၄

ကရင်ပြည်နယ်ရှိ မြဝတီမြိုနဲ့ ကော့ကရိတ်မြိုနယ်ကို အဓိကဆက်သွယ်ထားတဲ့ လမ်းဖြစ်တဲ့ ဒေါနတောင် ေ ပါ်လမ်းဟောင်းမှာ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့်လမ်ပျက်စီးပြီး ကုန်ကားပေါင်းရာနဲ့ချီပြီး ပိတ်မိနေတယ်လို ယာဉ်မောင်းတွေဆီကနေသိရပါတယ်။

မေလလောက်ကနေစပြီး မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ကုန်ကားတစ်လမ်း  ခရီးသည်ကားတစ်လမ်းခွဲပြီးသွားနေရပေမဲ့ အဲ့ဒီလမ်းပိုင်းမှာလည်း ကားတွေရွှနစ်တာ နဲ့ တိမ်းမှောက်တာတွေကြုံတွေ့နေရပါတယ်။

အခုလို လမ်းပိုင်းအတွင်းမှာ လမ်းပျက်စီးတာတွေဖြစ်ပေါ်နေတာကြောင့် ကုန်ကားအပါအဝင် အိမ်စီးကားတချိုစုစုပေါင်း (၅၀၀)ခန့်ပိတ်မိနေတာမှာ ၁၀ ရက်ဝန်းကျင်ရှိလာပြီဖြစ်တယ်လို ၆ဘီးယာဉ်မောင်းတစ်ဦးကပြောပါတယ်။

“အခုကမြဝတီကိုတက်ဖို ၈ညအိမ်၉ရက်ရှိပြီ  အတက်ကောအဆင်းကောလမ်းပိတ်တယ် တောင်ပေါ်လမ်းကတူပေမဲ့ တောင်ခြေကိုရောက်ဖိုအတွက်ကျ လမ်းတွေကို ကားသေးတစ်လမ်း၊ကားကြီးတစ်လမ်းကုန်ကားတွေက ရာဘာခြံလမ်းကြီးထဲမှာ နစ်နေကြတယ်”လိုသူကပြောပါတယ်။

ယာဉ်မောင်းတွေမှာ လမ်းပိုင်းအတွင်းပိတ်မိနေတာ ရက်ကြာလာတာကြောင့် စားသောက်ရေးအတွက်အခက်အခဲကြုံလာရပါတယ်။

ဒါ့အပြင် မြဝတီကနေ သာမညအထိကို လမ်းကြေးမှာ ၁၂၀၀၀၀၀ထိရှိလာသလို  ခရီးအခေါက်ရေမှာလည်း နည်းသွားတာကြောင့် စားဝတ်နေရေးအတွက်ပါ အခက်အခဲတွေနဲ့ ကြုံတွေ့လာရတယ်လိုဆိုပါတယ်။

“၆ဘီးကားပေါ့ မြဝတီကနေသာမညထိ လမ်းကြေး၁၂သိန်းလောက်ကုန်တယ် လမ်းကြေးကနည်းလည်းပေးရမှာပဲလေ ပြီးတော့အခုလို ရက်တွေကြာလာတော့ အဆင်မပြေဘူး တွေ့တဲ့အရွက်တွေခူးပြီးချက်စားရတာ အခုအတော်ကို ဒုက္ခများကြတာ ရေတောင်မိုးရေခံပြီးသောက်နေကြရပြီ”လိုဆိုပါတယ်။

အခုလိုလမ်းကြေးတွေလည်း မြင့်တက်လာတာကြောင့် တန်ဆာခတွေ၊ ခရီးသွားစရိတ်တွေလည်း မြင့်တက်လာပြီး ကြက်ဥတောင်လမ်း၊ ၁၀၁၈လမ်းနဲ့ ထိုကော်ကိုးလမ်းပိုင်းတွေမှာလည်း ကားအသွားအလာပြုလုပ်လိုမရဘူးလို ယာဉ်မောင်းတွေရဲ့ပြောပြချက်အရသိရပါတယ်။

သတင်း-နော်ဖူးဖူး

ပုံ- ဒေါနတောင်(လမ်းဟောင်း)မှာ မော်တော်ယာဥ်များသွားလာနေပုံ

Phar Si Than(People’s Radio Myanmar)