ဖူးခက်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး အိတ် ၄၉၀၀၀ နှင့် ခရစ္စတယ် ဆေးပြား ၄.၄၃ ဂရမ်အား ဖမ်းဆီးရမိ

နိုဝင်ဘာလ ၃ရက်၊ ၂၀၂၃ခုနှစ်

 

ထိုင်းနိုင်ငံ ဖူးခက်မြို့တွင် မူးယစ်ဆေးဝါး နှိမ်နင်းရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရာတွင် ဖူးခက်ခရိုင် ရဲတပ်ဖွဲ့မှ တရားမဝင် မူးယစ်ဆေးဝါး အမြောက်အမြား ဖမ်းမိခဲ့ပြီး စုစုပေါင်း စိတ်ကြွဆေးပြား ၄၉၀၀၀ ကျော်နှင့် မက်သာဖက်တမင်း ၄.၄၃ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများ၏ တန်ဖိုးမှာ ထိုင်းဘတ်ငွေ ၈၀၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။ အဆိုပါ စစ်ဆင်ရေးသည် မြို့တွင်းရှိ မူးယစ်ဆေးဝါး ရောင်းဝယ်သူ အများအပြားကို ပစ်မှတ်ထားကာ အမြေက်အမြား ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

ဖူးခက်ခရိုင် ရဲတပ်ဖွဲ့ဌာနချုပ်မှ ကြေငြာချက်အသစ်ကို ဖူးခက်ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် Sinlert Sukhum က ဦးဆောင်ပြီး နိုဝင်ဘာ ၁ ရက် ယမန်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မှုယစ်ဆေးဝါး နှိမ်နင်းရေး အော်ပရေးရှင်း၏ သတင်းစာရှင်းလင်းပွဲတွင် ဖမ်းဆီးရမိခဲ့သော တရားခံ သုံးဦးကို ဖော်ထုတ် ပြောကြားခဲ့သည်။ ပထမဖမ်းဆီးရမိသူမှာ ဖူးခက်မြို့ Sakdidet လမ်းတွင် နေထိုင်သူ အသက် 43 နှစ်အရွယ်အမျိုးသား Anon Sukchuang ဖြစ်ပြီး “Non”ဟုလည်း လူသိများသောသူ ဖြစ်သည်။ ထိုသူအား ချောင်ဖာလမ်းရှိ ဟိုတယ်အခန်းတွင် ဖမ်းဆီးနိုင်ခဲ့သည်။

ရနောင်းလမ်းပေါ်ရှိ ထိုသူနှင့်ဆက်စပ်နေသည့် နေအိမ်အား နောက်ဆက်တွဲရှာဖွေခဲ့ရာ မက်သွပ်ဆေးပြား ၄၆,၄၀၀ ပြားနှင့် ခရစ္စတယ်မတ် ၄.၁၃ ဂရမ်တို့ကို ရှာဖွေတွေ့ရှိခဲ့သည်။ သိမ်းဆည်းရမိသော အခြားသက်သေခံ ပစ္စည်းများတွင် ဒစ်ဂျစ်တယ်စကေးတစ်လုံး၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် အခြားပစ္စည်းများ အများအပြားပါဝင်သည်။

ဒုတိယဖမ်းဆီးခံရသူမှာ ချင်းရိုင်ခရိုင်မှ “Boom” ဟုလည်းလူသိများသည့် အသက် ၄၃ နှစ်အရွယ်အမျိုးသမီး  Paradee Posri ဖြစ်သည်။ သူမအား Soi Phoonpon (9)လမ်း ရှိအခန်းတွင် ရဲတပ်ဖွဲ့က မက်သွပ်ဆေးပြား ၂၆၈၈ ပြားနှင့် မက်သလင်းဖြူ ၀.၁၈ ဂရမ်တို့နှင့်အတူ သိမ်းဆည်းရမိ ဖမ်းဆီးခဲ့သည်။ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် အခြားပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း Phuket News သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးဖမ်းဆီးရမိသူမှာ ပက်သလန်ခရိုင်မှ အသက် ၄၂ နှစ်အရွယ် Patsak Suwannakatဖြစ်ပြီး “Pok” ဟုလည်းသိကြသည့် အမျိုးသားတစ်ဦးဖြစ်သည်။ ထိုသူအား Phoonpon လမ်းပေါ်ရှိ Mae Sombat စားသောက်ဆိုင်ရှေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ဖူးခက်မြို့ Soi Saensukရှိ  မှတ်ပုံမတင်ထားသည့် နေအိမ်ကို ဆက်လက်ရှာဖွေခဲ့ရာ  မက်သရူးဆေးပြား ၂၁၃ ပြား၊ ခရစ္စတယ်မက်သ် ၀.၁၂ ဂရမ်နှင့် ကျည်ဆံ ၃၅၇ တောင့်တို့ကို သိမ်းဆည်းရမိခဲ့သည့်အပြင် အခြား သက်သေခံပစ္စည်းများအဖြစ် Samsung Galaxy A04 ဖုန်းတစ်လုံးနှင့် အခြားပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

သံသယရှိသူ ၃ ဦးအား ဖူးခက်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရန် ရည်ရွယ်ချက်ဖြင့် လက်ဝယ်ထားရှိမှု နှင့် မူးယစ်ဆေးဝါးများ တရားမဝင် သယ်ဆောင်မှုတို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

ထို့အပြင် တရားခံ Patsak သည် လက်နက်ခဲယမ်းများ တရားမဝင် လက်ဝယ်ထားရှိမှုဖြင့် ထပ်မံတရားစွဲဆိုခံခဲ့ရသည်။ ရဲတပ်ဖွဲ့၏ အဆိုအရ သံသယရှိသူ သုံးဦးစလုံးသည် ၎င်းတို့အပေါ် စွဲဆိုထားသော စွဲချက်များအတွက် ဝန်ခံခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဖူးခက်မြို့အတွင်း ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားဧည့်သည်များ အများအပြားလာရောက်လည်ပတ်ကြသည့်အပြင် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချခြင်းများနှင့် အခြားသောအမှုများမှာလည်း တစတစ မြှင့်တက်လာပြီးနောက် ထိုင်းရဲတပ်ဖွဲ့ဝင်များကလည်း ခရီးသွားဧည့်သည်များ ဘေးကင်းရေးအလို့ငှါ အမှုတွဲများလျော့ပါးစေရေး ဆက်လက်စုံစမ်းရှာ​ဖွေလျက်ရှိသည်။

 

Ref: The Taiger

Photo: The Taiger