ထိုင်းနိုင်ငံနယ်စပ်တွင် ယခုတလောအဖမ်းအဆီးများဆက်တိုက်ပြုလုပ်ကာ လုံခြုံရေးတင်းကြပ်

ယနေ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး တားဆီးနှိမ်နှင်းရေး အရာရှိများသည် စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ  Ban Huai Hin Fon ကျေးရွာအုပ်စု အမှတ် (၆) မဲဆောက်ခရိုင် မဲဆောက်ခရိုင်၊ မြန်မာနိုင်ငံသား လေးဦးသည် ထိုင်းနိုင်ငံတွင်းသို့ ခွင့်ပြုချက်မရှိဘဲ နိုင်ငံတော်အတွင်း ဝင်ရောက်နေထိုင်သည့် နိုင်ငံခြားသားများဖြစ်” မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဖမ်းဆီးခံထားရသူများက ဝန်ခံပြောကြားသည်။ ထို့ကြောင့် ၂၀၂၃ ခုနှစ် ညှဉ်းပန်းနှိပ်စက်မှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၂၂ အရ တားမြစ်ခံထားရသူများကို ထိန်း ချုပ်ရန် တာ့ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနသို့ ပြန်လည်ပေးပို့ထားကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် 9:00 နာရီတွင် မြန်မာနိုင်ငံသား ၇၂၄ ရက်ထက် ပိုမိုနေထိုင်ခဲ့သည့် အသက် ၂၅ နှစ် အရွယ် အမျိုးသမီး တစ်ဦးအား “ခွင့်ပြုချက် သက်တမ်းကုန်ပြီး နိုင်ငံတော်တွင် နေထိုင်သည့် နိုင်ငံခြားသားဖြစ်” မှုဖြင့် တရားစွဲခံရကြောင်း ဖမ်းဆီးခံရသူက ဝန်ခံခဲ့သည်။ ထို့ကြောင့် ၂၀၂၃ ခုနှစ် ညှဉ်းပန်းနှိပ်စက်မှု တားဆီးနှိမ်နှင်းရေး အက်ဥပဒေပုဒ်မ ၂၂ အရ မဲဆောက်မြို့မ ရဲစခန်းသို့ ပေးပို့ထားကြောင်း သိရသည်။

ထို့အပြင် မနေ့က စက်တင်ဘာ ၂၁ ရက်နေ့ မွန်းလွဲ ၃နာရီ အချိန်တွင် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး အရာရှိ နှင့် လူဝင်မှုကြီးကြပ်ရေး မှုခင်းနှိမ်နင်းရေး စုံစမ်းရေး အရာရှိများ ပူးပေါင်း၍ တရားမဝင်၎င်းတို့ တာဝန်ကျရာနယ်မြေတွင်း တရားမဝင်နေထိုင်သော နိုင်ငံခြားသားများကို ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ရာ တရားမဝင်နေထိုင်လျက်ရှိပြီး အထောက်အထား တစ်စုံတစ်ခုမှမရှိသော မြန်မာနိုင်ငံသား ၅ ဦးကို အမှတ်၆ ဘန်ဟွေ့မောင်း တွင်ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသား ၅ ဦးကို တာ့ခ်ခရိုင် လူဝင်ကြီးကြပ်ရေးဌာနကို ပို့ဆောင် စစ်ဆေးနေပြီး တရားဥပဒေအတိုင်း အရေးယူသွားမယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။ရှေ့လျှောက်လည်း စီမံချက်နဲ့ မဲဆောက်မြို့၌ တရားမဝင်နေထိုင်သော နိုင်ငံခြားသားများအား ဖမ်းဆီးသွားမည်ဟု ထုတ်ပြန်ကြော်ငြာထားသည်ကို သိရသည်။

Ref; Tak Immigration
Photo; Tak Immigration