ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော်ပြောဆို

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော်ပြောဆို

ဂျာကာတာ၊ ဇူလိုင် ၁၂

မတရား ဖမ်းဆီး ထောင်ချခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (ဇူလိုင် ၉) နေ့က တွေ့ဆုံခဲ့တာဖြစ်တယ်လို ဂျပန်နိုင်ငံအခြေစိုက် ကျိုဒို (Kyodo) သတင်းဌာနက ယနေ့ (ဇူလိုင် ၁၂) ရေးသားဖော်ပြခဲ့တာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် နိုင်ငံတကာသံတမန်တစ်ဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဆီကလည်း သတင်းစကားကို အလုပြုလုပ်နေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဖတ်ကြားနိုင်တယ်လို သံတမန်အသိုင်းအဝိုင်းက ဆနုကြပါတယ်။

ထိုင်းအိမ်စောင့်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Don Pramudwinai ဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ နေပြည်တော်သို တိတ်တဆိတ်သွားရောက်ခဲ့ခြင်းဖြစ်ပြီ စစ်ကောင်စီနဲ့ ထိုင်းအစိုးရက ခရီးစဉ်နဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ခဲ့တာ မရှိပါဘူး။

Refer: Kyodo News