ဇွန်လ ၁၇ရက် ၂၀၂၄
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ရှိနာစ်ကောင်စီတပ်ရဲ့ စစ်ဆေးဂိတ် ဒရုန်းဗုံးသီး၂လုံးကြဲချတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဇွန်လ ၁၆ရက်နေ့ နေ့လည် ၁၂နာရီဝန်းကျင်အချိန်မှာ ကျုံဒိုးမြို့ဆေးရုံရှေ့ရှိစစ်ကောင်စီ တပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေအထိုင်ချထားတဲ့ စစ်ဆေးရေးဂိတ်ဟာ ဒရုန်းနဲ့ ကြဲချတိုက်ခိုက်ခံရပြီး အဲဒီဂိတ်အနီးအနားမှာရှိတဲ့ နေအိမ် ၃လုံး ဒရုန်းဗုံးသီးစသူတို့ဘက်ကတော့ထိခိုမဲ့လဲ စစ်ကောင်စီတပ်သားတွေကထိခိုက်ဒဏ်ရာရရှိတာမျိုးတော့မရှိဘူးလို့ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“ညောင်ပင်အောက်ကဂိတ်မှာဒရုန်း၂လုံးပစ်ချသွားတယ် ဒရုန်းကအဲ့ဒီဂိတ်အနောက်က ၂ ထပ်အိမ်ကို ကျတာ သူတို့ဘက်ကတော့ထိခိုက်မှုမရှိဘူးကြားတယ် အိမ်သုံးအိမ်ပဲ ထိတာပေါ့၂ထပ်အိမ်တော့အပျက်အစီးရှိတယ် ကျန်တဲ့အိမ်က အစမှန်တာပေါ့”လို့သူကပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ခမရ ၅၄၅ တပ်နဲ့ဗျူဟာကုန်းကနေ လက်နက်ကြီး လက်နက်ငယ် ၁နာရီနီးပါး ရမ်းသမ်းပစ်ခဲ့ပြီး အဲ့ဒီဂိတ်ကို အခုချိန်ထိဖွင့်လှစ်ထားသလို စစ်ကောင်စီတပ်က အရင်ကထပ်ပိုမိုတင်းကြပ်လာတယ်လို့ မြို့ခံအမျိုးသားတစ်ဦးကဆိုပါတယ်။
“ ဗျူဟာကုန်းကနေ သေနတ်တွေလည်းပစ် လက်နက်ကြီးတွေလည်း ၅၄၅ ကနေလည်း သေနတ်တွေလက်နက်ကြီးတွေပစ်တယ်ဒရုန်းလာရင် တော်တော်ကြောက်ကြတယ် သူတို့ကဒရုန်းလာပြီး ဆိုတာနဲ့ အသေပစ်သူတို့ ပစ်တာ ၁၂နာရီခွဲကတည်းက ၁နာရီ၁၅မှရပ်တယ်အခုက ယောကျ်ားလေးကိုကောမိန်းကလေးတွေကိုကောဖုန်းစစ်တာ”လို့သူကဆိုပါတယ်။
ဒါ့အပြင် ကျုံဒိုးမြို့မှာ ယောကျ်ားလေးနှစ်ယောက်ဆိုင်ကယ်မစီးရတာ ၊လွယ်အိတ်အနက်မလွယ်ရတာ ၊မိန်းကလေးတွေရှေ့ကမောင်းပြီး ယောကျ်ားလေးတွေအနောက်ကလိုက်မစီးရလို့ အမိန့်ထုတ်ပြန်ထားပေမဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊သူတို့နဲ့ နီးစပ်သူတွေကတော့ စည်းကမ်းလိုက်နာတာမျိုးမရှိပါဘူး။
ပြီးခဲ့တဲ့ မေလ ၃၁ရက်နေ့တုန်းကလည်း ဂျိုင်းတံတားရှိ နယ်ခြားစောင့်တပ် BGFရဲ့ ငွေကြေးကောက်ခံတဲ့ဂိတ် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး BGFတပ်ဖွဲ့မှ အရာရှိ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလိုသူတို့ရဲ့လက်အောက်ငယ်သားတချို့လည်းဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ- ကျုံဒိုးမြို့
Phar Si Than (People’s Radio Myanmar)